Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦးထပ်မံသေဆုံးပြီး ကလေးငယ်များအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

KNU ဆောထိမြို့နယ်တွင် ဇွန်လ ၂၄ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့သည်။

(စစ်ကောင်စီတပ်များပစ်ခတ်လိုက်သော လက်နက်ကြီးကျဉ်စများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်များပစ်ခတ်လိုက်သော လက်နက်ကြီးကျဉ်စများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

▪️စစ်ကောင်စီက လက်နက်ကြီးကားပေါ်တင်ပြီး KNUနယ်မြေရှိ ကျေးရွာများ ပစ်ခတ်မှုဆက်တိုက်လုပ်နေဟု အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်များက ပြည်သူလူထုအားပစ်မှတ်ထားသည့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃)နယ်မြေအတွင်းရှိ ပြည်သူ နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ ထုတ်ပြန်သည်။

KNU ဆောထိမြို့နယ်တွင် ဇွန်လ ၂၄ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ် ခလရ-၂၀သည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အင်းဝိုင်းကျေးရွာမှနေ၍ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ သက်ကယ်ကုန်းကျေးရွာသို့ (၆၀)မမ လက်နက်ကြီးများကို ပစ်ခတ်ခဲ့ရာ အသက်(၄၄)နှစ်ရှိ ဒေါ်မိုးမိုး ၊ အသက်(၁၀)နှစ်ရှိ မယွန်းနဒီဖူးနှင့် အသက် (၇၅)နှစ်အရွယ် ဒေါ်ပြော့အိတို့ ဒဏ်ရာရခဲ့ပြီး ဒေါ်ပြော့အိမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်များက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပဲသောင်ကျေးရွာနှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သမင်အင်းကုန်းကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ပဲသောင်ကျေးရွာရှိ အသက်(၄၂)နှစ်ရှိ ဒေါ်လင်းလင်းအေးသည် ကျည်စထိမှန်သေဆုံးခဲ့ရပြီး အသက် (၁၃)နှစ်ရှိ မဖြူနှင်းသက်နှင့် အသက်(၁၃)နှစ်ရှိ မောင်ဖြိုးဝေလင်းသည် ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သမင်အင်းကုန်းကျေးရွာရှိ အသက်(၅၀)နှစ်ရှိ ဒေါ်ခင်နုသည် ကျည်စထိမှန် သေဆုံးခဲ့ကာ အသက်(၁၃)နှစ်ရှိ မောင်ဉာဏ်လင်းထွန်း ထိခိုက်ဒဏ်ရာရခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပုဇွန်မြောင်းမှနေ၍ ပျဉ်ရေအနောက်ဘက်ကမ်း ကျေးရွာသို့ လက်နက်ကြီးများဖြင့် ဇွန်လ ၂၅ရက်၊ ၂၆ရက်များတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိခဲ့ဟုဆိုသည်။

ဇွန်လ ၂၇ရက်တွင်လည်း စစ်ကောင်စီတပ်က ပုဇွန်မြောင်းရွာသို့ ဝင်ရောက်လာပြီး စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ပျဉ်ရေအရှေ့ဘက်ကမ်းရွာမှ အသက်(၂၂)နှစ်အရွယ် စောလေးစိုး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၁ရက်မှစ၍ ပိန်းဇလုပ်၊ ကျောက်တံခါးနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကားလမ်းတစ်လျှောက်နှင့် ကျေးရွာများမှနေ၍ လက်နက်ကြီးများကို ကားဖြင့် တင်ဆောင်ကာ KNU လယ်ဒိုမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်ထိခိုက်ပျက်စီးခြင်း၊ လူထုများထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးရခြင်းများ ရှိပြီး ထိခိုက်ပျက်စီးရသည့်နေအိမ်များ၊ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ အရေအတွက်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုရယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။