Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တောင်ပိုင်း သာစည်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ကျော်ထိခိုက်​သေဆုံးဟုဆို

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဇွန်လ ၂၅ ရက် နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ RKDFက ဇွန် ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

(ကလေးPDF မှ ရဲဘော်နှစ်ဦးအား ရှေ့တန်းစစ်မြေပြင်၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေးPDF)
(ကလေးPDF မှ ရဲဘော်နှစ်ဦးအား ရှေ့တန်းစစ်မြေပြင်၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေးPDF)

စစ်ကိုင်းတိုင်း ကလေးမြို့တောင်းပိုင်း သာစည်ကျေးရွာကို လက်နက်ကြီးပစ်ကူဖြင့် စစ်ကောင်စီထိုးလာသည့် အင်အား ၁၂၀ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခြောက်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံး ဒဏ်ရာရရှိခဲ့သည်ဟု Ranger Kalay Defend Force-RKDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဇွန်လ ၂၅ ရက် နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ RKDFက ဇွန် ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းတွင် ပျူစောထီးများလည်းပါဝင်ပြီး နံနက် ၉နာရီမှ ညနေ ၅နာရီအထိတိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏ နေအိမ် ခုနစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိလဲ ကျေးရွာများပါမချန် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူ့တွေအနေနဲ့ ကလေးတောင်ပိုင်းလမ်းကို အသုံးမပြုကြဖို့နဲ့ လက်နက်ကြီးသံများနားစွင့်ပြီး သတိဖြင့်နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု RKDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကလေးမြို့တောင်ပိုင်းရှိ သာစည်နှင့် ဇင်ကလင်းကျေးရွာကြား၌ စစ်ကောင်စီတပ်သားများ၏ ယာဉ်တန်းကို ဇွန်လ ၂၅ ရက်က စီးကြိုတိုက်ခိုက်ခဲ့ကြောင်း CDF(ကလေး-ကဘော်-ဂန့်ဂေါ) ကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီယာဉ်တန်းတွင် ဖောကား ၄စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ အိမ်စီးကား နှစ်စီး၊ စစ်ကားအကြီး နှစ်စီးပါဝင်ပြီး ကာကွယ်ရေးတပ်များဘက်က RKDF၊ UGF Ninja၊ CDF-(KKG)၊ CNDF (VAKOK)၊ PDF(ကလေး)နှင့် ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ အထိအခိုက်စာရင်းကို အတည်မပြုနိုင်သေးကြောင်းနှင့် စစ်ကောင်စီက ကလေးမြို့တွင်း အမြှောက်တပ်နှင့် ကလေးမြို့အထွက်ရှိ အဖွဲ့စက်ဂိတ်တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုများကြောင့် CNDFမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး CDF(KKG)မှ ရဲဘော် သုံးဦးနှင့် ပကဖမှ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့တွင် ယနေ့ စစ်ရေးအခြေအနေငြိမ်သက်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှုများမရှိကြောင်း ကလေးPDF ရဲဘော်တစ်ဦးက ပြောသည်။

“စစ်ကြောင်းမရှိဘူး။ သာစည်ရွာတိုက်ပွဲကလည်း စစ်တပ်က စစ်ကြောင်းထိုးတာမဟုတ်ဘူး။ သူတို့ ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်းကို ရွှေ့တာကိုဖြတ်တိုက်တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။