Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် “ မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်းချိတ်စွဲ ဆန္ဒပြ

ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “ မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်းအား ချိတ်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ဆန္ဒပြမှုကို ယနေ့ (ဇွန်လ ၂၈) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - OCTOPUS
ဓာတ်ပုံ - OCTOPUS

မြို့ပြတော်လှန်ရေးလှုပ်ရှားမှုများအတွက် အကြီးမားဆုံးစိန်ခေါ်မှုသည် CCTV မှတ်တမ်းများ ဖြစ်ကြောင်း၊ CCTV ဟုဆိုသည့်အခါ စစ်ကောင်စီဘက်က တပ်ဆင်ထားသည့် CCTVနှင့် ပြည်သူလူထုဘက်က တပ်ဆင်ထားသည့် CCTV ဟူ၍ နှစ်မျိုးတွေ့ရှိရကြောင်းနှင့် ပြည်သူများအနေဖြင့် အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်မှု စသည့် လုံခြုံရေးလိုအပ်ချက်များအရ CCTV များတပ်ဆင်ထားရခြင်းကို မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့် နားလည်သိရှိပြီး ဖြစ်ကြောင်း ရေဘဝဲအဖွဲ့က ဆိုသည်။

သို့သော် တပ်ဆင်ထားပြီးသား CCTV များကို လမ်းမ၊ လမ်းကွေ့၊ လမ်းထိပ်များဘက်သို့ ဦးတည်မျက်နှာမူထားခြင်းမှ လုံးဝရှောင်ရှားရန်နှင့် မိမိနေထိုင်ရာ (သို့) မိမိဆိုင်ခန်းများရှိရာ ရပ်ကွက်၊ မြို့နယ်အတွင်း နွေဦးတော်လှန်ရေးလှုပ်ရှားမှု ပြုလုပ်သွားသည့် သတင်းကြားလျှင်ကြားခြင်း CCTV Record မှတ်တမ်းများကို ဂရုပြု ရှင်းလင်းပေးကြရန်လည်း ရေဘဝဲအဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။