သတင်း ရေးမြို့ဘက်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဟုဆို ယနေ့နံနက် ၁၁ နာရီကျော်က သံဖြူဇရမ်မြို့ဘက်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါသည့် ဖောကားနှစ်စီးနှင့် အိမ်စီးကားတစ်စီးတို့အား အောင်သာရွာနှင့် ကဖော့ကနင်ရွာကြားတွင် မဟာ မိတ်များနှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ပင်လည်ဘူးမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ဆက်သွယ်ရေးပစ္စည်း များလိုအပ်နေ၍ ထောက်ပံ့လှူဒါန်းပေးကြရန် အကူအညီတောင်းခံ လတ်တလောတွင် ဆက်သွယ်ရေးစက် အလုံးရေ ၅၀ခန့်အရေးပေါ်လိုအပ်နေ သည်ဟု ဆိုသည်။ ဆက်သွယ်ရေးစက်တစ်လုံးလျှင် နှစ်သိန်းကျပ်ခန့်မှစ၍ အရည်အသွေးအလိုက် အစားစားရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးခန့်သေ၊ အများအပြား ဒဏ်ရာရ အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။ LuduNwayOoဩဂုတ် 4, 2022
ဗီဒီယို အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။ LuduNwayOoဩဂုတ် 4, 2022
သတင်း ရမည်းသင်းတွင် CDM စစ်သားက သစ္စာဖောက်ကာထွက်ပြေးပြီး စစ်တပ် ခေါ်လာ၍ Y-PDF Yamethin ယာယီစခန်းဖျက်ဆီးခံရ ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။ LuduNwayOoဩဂုတ် 4, 2022