Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းတွင် CDM စစ်သားက သစ္စာဖောက်ကာထွက်ပြေးပြီး စစ်တပ် ခေါ်လာ၍ ​Y-PDF Yamethin ယာယီစခန်းဖျက်ဆီးခံရ

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် ​Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။

(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)
(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် CDM ပြုလုပ်ထားသည့် စစ်သား သစ္စာဖောက်၍ ယာယီစခန်း စီးနင်းဖျက်ဆီးခံရပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများအပါအဝင် ကျပ်သိန်း ၂၀၀ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း Y-PDF Yamethin က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် ​Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။

(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)
(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)

ဖြစ်စဥ်မှာ ထိုနေ့ညနေတွင် စစ်ဆင်ရေးပြုလုပ်ရန် အသီးသီးတာဝန်ခွဲဝေ ပြင်ဆင်နေချိန် စွန်ရဲ(ခ)Kaung sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား)သည် သစ္စာဖောက်၍ ထွက်ပြေးသွားသည်ဟု ​Y-PDF Yamethin၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထွက်ပြေးသွားသူစစ်သားသည် စစ်ကောင်စီတပ်အား လမ်းပြခေါ်ယူခဲ့ရာ အဖွဲ့မှာ လူစုခွဲ အလုပ်လုပ်နေချိန်ဖြစ်သောကြောင့် လူအင်အား၊ လက်နက် အင်အားမမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ​Y-PDF Yamethinက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းစခန်းကျဆုံးမှုကြောင့် လက်နက်ခဲယမ်း ၊ ရိက္ခာများနှင့် ဆိုင်ကယ်(၃)စီး အပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Y-PDF (Yamethin)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ​Y-PDF Yamethinထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်