Connect with us

Hi, what are you looking for?

သတင်း

ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးခန့်သေ၊ အများအပြား ဒဏ်ရာရ

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။

ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးခန့်သေ၊ အများအပြား ဒဏ်ရာရ
ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးခန့်သေ၊ အများအပြား ဒဏ်ရာရ

PDF ပူးပေါင်းတပ်ဖွဲ့မှ သုံးဦးကျဆုံးပြီး ၁၇ဦး ဒဏ်ရာရဟု ထုတ်ပြန်

ကလေးမြောက်ပိုင်းတွင်လည်း စစ်ယာဉ်တန်းရှေ့ပြေးတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ၂၀ ခန့်သေ၊ များစွာဒဏ်ရာရဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၅ဦးခန့် သေဆုံးခဲ့သည်ဟု ကလေးပြည်သူ့ကာကွယ်ရေး တပ်(PDF)က သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး နည်းပညာတက္ကသိုလ်၏တောင်ဘက် သာယာကုန်းကျေးရွာ တွင် လွန်ခဲ့သည့် ဩဂုတ် ၂ရက်မှစ၍ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၃ရက် ညနေပိုင်း၌ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့၍ ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း ဖော်ပြထားသည်။

ယနေ့ နံနက်တွင်လည်း သာယာကုန်းရွာနှင့် အနီးဝန်းကျင်၌ တစ်နေ့လုံးနီးပါး တိုက်ပွဲဆက် လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ကလေးနည်းပညာ တက္ကသိုလ်မှလည်းကောင်း၊ ကလေးမြို့ အတွင်းရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းမှလည်းကောင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်များ ကလည်းကလေးနည်းပညာတက္ကသိုလ်ဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဩဂုတ် ၃ရက်)မှ ယနေ့ ညနေပိုင်းအထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်မှ ၁၅ဦး ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ၃ဦး ကျဆုံးကာ ၁၇ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ယနေ့ညနေပိုင်းတွင် သာယာကုန်းရွာအတွင်းရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်း၌ ကလေးမြို့နယ် မြောက်ပိုင်းတွင်လည်း တမူးမှ ကလေးဘက်သို့ ဦးတည်မောင်းနှင် လာသည့် စစ်ကား ၁၄စီးပါ ယာဉ်တန်းမှ အင်အား ၆၀ခန့်ဖြင့် ရှေ့ပြေးမိုင်းရှင်းရန် ခြေလျင်တက်လာရာ ယနေ့နံနက် ၁၁နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကလေး PDFက ထုတ်ပြန်သည်။

အဆိုပါ လမ်းပိုင်း (၅၅) မိုင်နှင့် ရာဇဂြိုဟ် ရေလှောင်တမံ လမ်းအကြား သုံးလောင်းကွေ့အနီးတွင် ကလေး PDF တပ်ဖွဲ့များက မိုင်း ၁၂လုံးဖြင့် ဆက်တိုက်ဖော်ကခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့် နေရာတွင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။

ကလေး မြောက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို ကလေး PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ကလေးတောင်ပိုင်း တိုက်ပွဲတွင် ကလေး PDF၊ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG၊ RKDFတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။