News အကြမ်းဖက်စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ယာဥ်တန်း ချောင်းသာ-ပုသိမ်လမ်းတွင်ပစ်ခတ်ခံရ "တောင်သာယာကုန်းနားမှာ အပစ်ခံရတာ။ ညနေသုံး နာရီလောက်က။ နှစ်ဘက်အပြန်အလှန်ပစ်သံတွေကြားရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News ဒန်နီဖန်စတာလွတ်မြောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးကြိုဆိုလိုက်ပြီး မတရားဖမ်းဆီးခံရသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ဆက်လက်တောင်းဆို ဒန်နီဖန်စတာအနေနဲ့ မိသားစုနဲ့ မကြာခင်အချိန်အတွင်း ပြန်လည်ဆုံစည်းမယ့်အပေါ် ဝမ်းမြောက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ထုတ်ပြန်ပါတယ်။ LuduNwayOoနိုဝင်ဘာ 15, 2021
News ကျိုက်ထိုနယ်၌ KNU တပ်မဟာ(၁)နှင့် နှစ်ရက်ဆက် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ အနည်းဆုံးခြောက်ဦးသေ ထို့ပြင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့တို့သည် ဘားအံမြို့နယ်အတွင်း၌ အင်အား ၃၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေ၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News မန္တလေးက လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူအမျိုးသမီးတစ်ဦး ကို ဓားရှည်ကိုင်လူတစ်စု ဖမ်းဆီးသွား အောင်မြေသာစံမြို့နယ် ၊ ၂၅ လမ်း မြို့ပတ်လမ်းမှာရှိတဲ့ ရွှေမဟာနွယ် လူမှုကယ်ဆယ်ရေးရုံးမှာ ဒေါ်နွယ်နွယ်ဝင်းရှိနေချိန် ဓားရှည်ကိုင်လူတွေဟာ ပါကျဲရိုးကားနဲ့ ရောက်လာပြီး လာရောက်ခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့ရသူတစ်ဦးကပြောပြပါတယ်။ LuduNwayOoနိုဝင်ဘာ 15, 2021
News ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို လေးကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ဦးခန့်သေနိုင်ဟု PPDFဦးဆောင်သူ ဗိုလ်နဂါးပြော နံနက် ၉ နာရီက ကျောက်စလင်းတောင်၏ အောက်ဘက် မြစ်ကျတံတားအနီးအရောက် PDF များဆင်ထားသောပဒေသာမိုင်းတွဲများအား ရှင်းလင်းရန်ကြိုးစားနေစဉ် PPDFက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့အချို့ သေဆုံးခဲ့သည်။ LuduNwayOoနိုဝင်ဘာ 15, 2021