Connect with us

Hi, what are you looking for?

News

မန္တလေးက လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူအမျိုးသမီးတစ်ဦး ကို ဓားရှည်ကိုင်လူတစ်စု ဖမ်းဆီးသွား

အောင်မြေသာစံမြို့နယ် ၊ ၂၅ လမ်း မြို့ပတ်လမ်းမှာရှိတဲ့ ရွှေမဟာနွယ် လူမှုကယ်ဆယ်ရေးရုံးမှာ ဒေါ်နွယ်နွယ်ဝင်းရှိနေချိန် ဓားရှည်ကိုင်လူတွေဟာ ပါကျဲရိုးကားနဲ့ ရောက်လာပြီး လာရောက်ခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့ရသူတစ်ဦးကပြောပြပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရွှေမဟာနွယ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်း

လာရောက်ခေါ်ဆောင်ချိန်မှာ CDM တွေကိုထောက်ပံ့တာရှိမရှိ စစ်ဆေးသွား

မန္တလေး ၊အောင်မြေသာစံမြို့နယ်အတွင်းက ရွှေမဟာနွယ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို ဓားရှည်ကိုင်ထားတဲ့ လူတစ်စုဟာ ဒီနေ့ ညနေပိုင်း ၃ နာရီလောက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အောင်မြေသာစံမြို့နယ် ၊ ၂၅ လမ်း မြို့ပတ်လမ်းမှာရှိတဲ့ ရွှေမဟာနွယ် လူမှုကယ်ဆယ်ရေးရုံးမှာ ဒေါ်နွယ်နွယ်ဝင်းရှိနေချိန် ဓားရှည်ကိုင်လူတွေဟာ ပါကျဲရိုးကားနဲ့ ရောက်လာပြီး လာရောက်ခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့ရသူတစ်ဦးကပြောပြပါတယ်။

“အရပ်ဝတ်တွေနဲ့ပဲ သေနတ်တော့မပါဘူး၊ ဓားရှည်တွေနဲ့ အသက် မသေချင် လိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ နောက်ပြီး စစ်ဘေးရှောင်တွေ မိဘမဲ့ကလေးတွေအတွက် လှူမယ့် အဝတ်တွေပစ္စည်းတွေလည်း မွှေနှောက်သွားတယ်၊ ရုံးထဲက စီစီတီဗီ မန်မိုရီကဒ်တွေယူသွားတယ်”လို့ အဲဒီမျက်မြင်တွေ့ရသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုဘယ်နေရာကိုခေါ်ဆောင်သွားတယ်လို့ ဆိုတာမသိရသလို ခေါ်သွားတဲ့သူတွေကို လည်းမသိရသေးပါဘူး။

လာရောက်ခေါ်ဆောင်ချိန်ကတော့ CDM တွေထောက်ပံ့မှုနဲ့ပတ်သက်ပြီး ဖုန်းနံပတ်တွေကိုမေးတာ ၊ Kpay ၊ WAVE အကောင့်ငွေစာရင်း တွေ ကို စစ်တာတွေပြုလုပ်သွားတယ်လို့သိရပါတယ်။

ဒါအပြင် အသင်းမှာရှိတဲ့ လူငယ်အမျိုးသား တွေကိုလည်း ဓားထောက်မေးမြန်းတာတွေလုပ်သွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။