Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ တောင်ပိုင်းမှာ မိုးသည်းထန်ရာက မြေပြိုမှုဖြစ်ပြီး ၄ ဦးသေ

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဆိုးရွားတဲ့ မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားပြီး ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဆိုးရွားတဲ့ မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားပြီး ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၇ ရက်နေ့ မြေပြိုမှု မတိုင်ခင်တုန်းက ကီရာလာ ပြည်နယ်က တချို့နေရာတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၂၆ မီလီမီတာထိ သည်းကြီးမည်းကြီး ရွာချထားခဲ့ပါတယ်။ မြေပြိုမှုကတော့ ကီရာလာ ပြည်နယ်ရဲ့ ဝေယာနတ် ဧရိယာမှာ ဖြစ်ခဲ့တာပါ။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ တောင်စောင်းအတိုင်း အရှိန်နဲ့ လိမ့်ဆင်းလာတဲ့ ရွှံ့မြေတွေဟာ ဆီတင်ထရပ်ကားကြီးတစ်စီးနဲ့ ဘတ်စ်ကားတစ်စီးကိုပါ လွင့်စဉ်ထွက်လာစေပြီး လူတွေက အသက်လု ထွက်ပြေးနေတာကို တွေ့ခဲ့ရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက သေဆုံးသူ ၄ ဦးရှိပြီး ၇ ဦးကို ဆေးရုံ တင်ပို့ခဲ့ရကြောင်း ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူ ၇ ဦးကိုလည်း ဖြန့်ကျက် ရှာဖွေနေပါတယ်။ ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ဥမင်တစ်ခု တည်ဆောက်နေတဲ့ ဧရိယာ အစွန်းတစ်နေရာမှာ အခုလို မြေပြိုမှုကြီး ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကီရာလာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဗီဒီ ဆာသီဆန်ကတော့ အရမ်း ကံအကြောင်းမလှတဲ့ ကြေကွဲစရာ အခြေအနေတစ်ခု ကြုံခဲ့ရကြောင်း ပြောပါတယ်။

မြေပြိုမှု ဖြစ်ပွားတဲ့ နေရာဟာ ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ်သွားလာလေ့ရှိတဲ့ ဧရိယာ တစ်ခုဖြစ်ပြီး ဗီဒီယိုထဲမှာ တွေ့ရတဲ့ ဘတ်စ်ကားဟာလည်း ခရီးသွား ဧည့်သည်တွေကို လာရောက်ပို့ဆောင်ရင်း ရပ်ထားခဲ့တာလို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြေပြိုတဲ့ နေရာမှာ ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေတဲ့ အဖွဲ့တွေဟာ မိုးဆက်လက်ရွာနေတာကြောင့် နောက်ဆက်တွဲ မြေပြိုကျမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

ဒေသခံတွေကတော့ အခုဖြစ်ရပ်ဟာ သဘာဝ ဘေးအန္တရာယ်တစ်ခု ဆိုတာထက် လူသားတွေရဲ့ ပေါ့လျော့မှု မကင်းတဲ့ ကပ်ဘေးတစ်ခုလို့ ဝေဖန်နေပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းမှာ တူးထုတ်ထားတဲ့ မြေသားတွေကို သိပ္ပံနည်းကျ၊ စနစ်တကျ မဟုတ်တဲ့ ပုံစံမျိုး စုပုံထားရာက မိုးရွာချိန်မှာ ပြိုကျလာတာဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပြီး အာဏာပိုင်တွေ အနေနဲ့ ထိထိရောက်ရောက် စစ်ဆေး အရေးယူပေးဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကိုးကား: Asia News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ပြည်နယ်တစ်ခုမှာ အစိုးရ အလုပ်အကိုင် နေရာအတွက် စာမေးပွဲ စစ်ဆေးမှု စနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြ တောင်းဆိုသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြု လူစုခွဲခဲ့တာကြောင့် နှစ်ဖက်ကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။