Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ယာဥ်တန်း ​ချောင်းသာ-ပုသိမ်လမ်းတွင်ပစ်ခတ်ခံရ

“တောင်သာယာကုန်းနားမှာ အပစ်ခံရတာ။ ညနေသုံး နာရီလောက်က။ နှစ်ဘက်အပြန်အလှန်ပစ်သံတွေကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဥ်တန်းသည် ချောင်းသာ-ပုသိမ်ကားလမ်းတွင် ပစ်ခတ်ခံလိုက်ရကြောင်း ဌာနဆိုင်ရာအရာရှိအချို့နှင့်ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ အထက်ပါယဥ်တန်းသည်
ချောင်းကမ်းခြေဖွင့်ပွဲသွားပြီး အပြန်ယ​နေ့ (နိုဝင်ဘာ ၁၅ရက် )ညနေ သုံးနာရီခန့်တွင် ယာဥ်တန်းကို ပစ်ခတ်ခံခြင်းဖြစ်​ကြောင်းဒေသခံများကပြောသည်။

“တောင်သာယာကုန်းနားမှာ အပစ်ခံရတာ။ ညနေသုံး နာရီလောက်က။ နှစ်ဘက်အပြန်အလှန်ပစ်သံတွေကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဥ်တန်းဟုဒေသခံများကပြောသလို ပုသိမ်းမြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကလည်း
“လူကြီးကားတန်းအပစ်ခံရတာ ဟုတ်တယ်။ ဝန်ကြီးဌေးအောင်တို့ကားတန်း” ဟု အတည်ပြု​ပေးသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် ထိ့ခိုက်​သေဆုံးမှူရှိ၊ မရှိအခြေအနေနှင့်မည်သည့်အဖွဲ့က ပစ်သည်ကို မသိရသေးချေ။

ပစ်ခတ်မှုဖြစ်ပွားသည့် တောင်သာကုန်းရွာနှင့်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ထားပြီး အရပ်သားအချို့ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။