Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒန်နီဖန်စတာလွတ်မြောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးကြိုဆိုလိုက်ပြီး မတရားဖမ်းဆီးခံရသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ဆက်လက်တောင်းဆို

ဒန်နီဖန်စတာအနေနဲ့ မိသားစုနဲ့ မကြာခင်အချိန်အတွင်း ပြန်လည်ဆုံစည်းမယ့်အပေါ် ဝမ်းမြောက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ထုတ်ပြန်ပါတယ်။

(ဘီလ်ရစ်ချက်ဆန်နဲ့ ဒန်နီဖန်စတာကို လေဆိပ်၌တွေ့ရစဉ်)

ခြောက်လနီးပါးကြာမှားယွင်းဖမ်းဆီးခံရတဲ့ အမေရိကန်ဂျာနယ်လစ်ဒန်နီဖန်စတာလွတ်မြောက်လာမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံက မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဆက် လက်တောင်းဆိုကြောင်း ဒီနေ့(နိုဝင်ဘာ ၁၅ ရက်)ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ၁၁ နှစ်ကြာထောင်ဒဏ်ချမှတ်ခံရတဲ့ ဒန်နီဖန်စတာ ပြန်လည်လွတ်မြောက်မှုနဲ့ပတ်သက်လို့ သံအမတ်ကြီး Tom Vajda နဲ့ ရန်ကုန်သံရုံးအဖွဲ့သားတွေ၊ ဓားစာခံရေးရာအထူးကိုယ်စားလှယ် Roger Carstens ၊ အုပ်ချုပ်ရေးမှူး Bill Richardson အပါအဝင် ကောင်စစ်ရေးရာကျွမ်းကျင်သူတွေနဲ့ မိတ်ဖက်တွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပါတယ်။

ဒန်နီဖန်စတာအနေနဲ့ မိသားစုနဲ့ မကြာခင်အချိန်အတွင်း ပြန်လည်ဆုံစည်းမယ့်အပေါ် ဝမ်းမြောက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။