Connect with us

Hi, what are you looking for?

News

ကျိုက်ထိုနယ်၌ KNU တပ်မဟာ(၁)နှင့် နှစ်ရက်ဆက် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ အနည်းဆုံးခြောက်ဦးသေ

ထို့ပြင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့တို့သည် ဘားအံမြို့နယ်အတွင်း၌ အင်အား ၃၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေ၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ ကျိုက်ထိုမြို့နယ်၌ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြာက်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၄ရက် နံနက်က ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကျေးရွာအုပ်စု ရွှေခဲရိုးကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

“ ဘာကြောင့်ဖြစ်ရလဲဆိုတော့ စကစဘက်က တပ်မ (၂၂)နဲ့ တပ်မ(၄၄) ထုတ်နုတ်အင်အား ပူးပေါင်းပြီးတော့ အဲဒီနယ်မြေမှာ ဝင်ရောက်လှုပ်ရှားတယ်။ ဝင်ရောက်လှုပ်ရှားလာတော့ ချိတ်ဆက်ဆောင်ရွက်ထားခြင်းမရှိတော့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့တာ”ဟု တပ်မဟာ (၁)တာဝန်ရှိသူက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်က ရှေ့ဆက်ထပ်တိုးလာ၍ နတ်စိန်ရွာအနီး၌ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ကြောင်း၊ ယနေ့ တိုက်ပွဲ၌ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ KNU တပ်မဟာ(၁) ဘက်မှ ထိခိုက်မှုမရှိဟု ပြောသည်။ လက်ရှိတွင်လည်း စစ်ကောင်စီတပ်က နတ်စိန်ရွာ၌ နေရာချထားဆဲဖြစ် သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့တို့သည် ဘားအံမြို့နယ်အတွင်း၌ အင်အား ၃၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေ၍ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။