Connect with us

Hi, what are you looking for?

News

မန္တလေးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် အနည်းဆုံး ၂ဦးသေဆုံး

ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အတွင်းမှ သေဆုံးသူ ၄ဦး ရှိကြောင်း၊ ၈ဦး ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြသည်။

မန္တလေးမြို့ပေါ်၌ ယနေ့မနက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ထိခိုက်သေဆုံးမှုများရှိကြောင်း မြို့ခံ အချို့က ပြောသည်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ရှိနေသည့် မန္တလေးမြို့ ၅၄လမ်းနှင့် ၁၁၁ လမ်း× ၁၁၂လမ်း ကြားရှိ နေအိမ်တစ်ခုကို စစ်ကောင်စီက ဝင်စီးရာမှ ၃နာရီကျော်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင်ကျဆုံးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းမှူးသည် တိုက်ပွဲဖြစ်ပွားရာနေရာ အနီးရှိ ဘုရားတစ်ခု၌ တပ်စွဲထားသော အဖွဲ့မှ ဖြစ်ကြောင်း မန္တလေးမြို့ခံက ပြောသည်။
စစ်ကောင်စီဘက်က အနည်းဆုံး ၂ဦးကျဆုံးကြောင်း တိုက်ပွဲတွင်ပါဝင်သူများ၏ ပြောကြားချက်ကို ကိုးကားပြီး PDF(မန္တလေး)တာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာအချို့ကို ထုတ်ဖော်ပြောကြားထား သည်။ PDFမှလည်း ၂ဦးကျဆုံးကာ ၆ဦးအဖမ်းခံခဲ့ရပြီး လက်နက် ၂လက် ပါသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များက သာလွန်အင်အားဖြင့် လက်နက် ကြီးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း မန္တလေးတိုက်ပွဲဖြစ်စဥ်အား လူမှုကွန်ရက်၌ ဖော်ပြသည့် ရုပ်သံဖိုင်နှင့် ဓာတ်ပုံအချိုတွင် တွေ့ရသည်။
စစ်ကောင်စီကလည်း မန္တလေးမြို့ တိုက်ပွဲဖြစ်စဉ်ကို သတင်းထုတ်ပြန်ရာ သတင်းအရ နေအိမ်တစ်ခုကို သွားရောက်ရှာဖွေစစ်ဆေးစဉ် လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်းဖော်ပြသည်။

ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အတွင်းမှ သေဆုံးသူ ၄ဦး ရှိကြောင်း၊ ၈ဦး ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ ၅၃ လမ်းတွင်လည်း မော်တော်ယာဉ် တစ်စီးပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ပိတ်ဆို့ ဖမ်းဆီးရာ ၅၆လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရန်စဖော်မာအား ဝင်တိုက်ခဲ့၍ ယာဉ်ပေါ်ပါ ၄ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်စဉ်သတင်းများကို လိမ်ညာဖော်ပြမှုများရှိခဲ့၍ ယခု ထုတ်ပြန်မှုကိုလည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။