Connect with us

Hi, what are you looking for?

News

လူငယ်များ၏ မတရားမှုဆန့်ကျင်သည့်သတ္တိ ရှင်သန်နေဆဲဟု ဆဲဗင်းဇူလိုင်အခမ်းအနားသို့ NUG သဝဏ်လွှာပို့

အမှန်တရားနှင့် တရားမျှတ လွတ်လပ်ခြင်းအတွက် ခေတ်အဆက်ဆက် ဘဝနှင့်အသက်ကိုပေးဆပ်ကာ လက်ဆင့်ကမ်း တိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းအား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

(ဓါတ်ပုံ - ယ​နေ့ပြုလုပ်သည့် 7July အထိမ်းအမှတ်​နေ့တွင် လူငယ်များက ချီတက်ဆန္ဒပြ​နေစဥ်)

စစ်အာဏာရှင်အဆက်ဆက်သည် လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့် ခဲ့သော်လည်းကျောင်းသား လူငယ်များ၏ မတရားမှုကို ဆန့်ကျင်တော်လှန်ရဲသည့် သတ္တိတို့သည် ယနေ့တိုင် ဆက်လက်ရှင်သန်နေကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် စေ့ဆော်ပေးနေ သည်ဟုအမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ဆဲဗင်းဇူလိုင်အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ယနေ့ကျရောက်သည့် (၅၉) နှစ်မြောက် ဆဲဗင်း ဇူလိုင် အခမ်းအနားများသို့ NUGက သဝဏ်လွှာ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

အမှန်တရားနှင့် တရားမျှတ လွတ်လပ်ခြင်းအတွက် ခေတ်အဆက်ဆက် ဘဝနှင့်အသက်ကိုပေးဆပ်ကာ လက်ဆင့်ကမ်း တိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းအား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂများသည် ကိုလိုနီ စနစ်ကို ဆန့်ကျင်ရာတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့ကြပြီး မြန်မာ့လွတ်လပ်ရေးနှင့် ပြည်ထောင်စု တည်ထောင် ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည့် ခေါင်းဆောင် များစွာကိုလည်း မွေးထုတ်ပေးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်၌ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ၂ ရက်အကြာ မတ်လ ၄ ရက်နေ့တွင် ကျောင်းသားသမဂ္ဂများကကြောင်း ပူးတွဲကြေညာခဲ့ကြကြောင်း NUG၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမှန်တရားနှင့် တရားမျှတမှုဘက်မှ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို စစ်အာဏာရှင် တော်လှန်ရေးကောင်စီက ဇူလိုင် ၇ ရက်နေ့တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ အပြစ်မဲ့သည့် ကျောင်းသားလူငယ် ရာနှင့်ချီ၍ ကျဆုံးခဲ့ပြီး ခေတ်အဆက်ဆက် ကျောင်းသား နိုင်ငံရေးလှုပ်ရှားမှုများ၏ အထိမ်းအမှတ်သင်္ကေတ ဖြစ်သည့် သမဂ္ဂအဆောက်အဦကိုပါ ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း NUGက ဆိုသည်။

ယခုနှစ် ဖေဖော်ရီလ ၁ ရက်ကလည်း ပြည်သူ့အာဏာကို အကြမ်းဖက်စစ်ကောင်စီက အဓမ္မသိမ်းယူခဲ့ရာ ရက် ပိုင်းအတွင်း၌ပင် ကျောင်းသားလူငယ်များက စတင်ကာ နိုင်ငံတစ်ဝန်းရှိ ပြည်သူတရပ်လုံးက အာဏာ သိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်းသဝဏ်လွှာတွင် ဖော်ပြထား သည်။

စစ်အာဏာရှင်အဆက်ဆက်၏ နှစ်ပေါင်း ၆၀၊ မျိုးဆက် ၃ ခု ကြာမျှ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ကာ ဘဝနှင့် အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း အတိတ်သမိုင်းမှ ကျောင်းသားလူငယ်များ၏ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ်ဓါတ်၊ မတရားမှုကို ဆန့်ကျင်တော်လှန် ရဲသည့် သတ္တိတို့သည် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်း NUGက ဆိုသည်။

လက်ရှိ စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေး လှုပ်ရှားမှုများကို လက်ဆင့် ကမ်း ဆက်လက်စေ့ဆော်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

လူငယ်များ၏ အိပ်မက်ဖြစ်သော တရားမျှတပြီး တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စိတ်ကူးအိပ်မက်အား ကျောင်းသားလူငယ် အားလုံး၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထု၏အင်အား၊ တိုင်းရင်းသား လူမျိုးပေါင်းစုံမှခေါင်းဆောင်အားလုံး၏ အတွေ့အကြုံနှင့် ပေါင်းစပ် ကာ အကောင်အထည် ဖော်ဆောင်သွားနိုင်မည်ဟု မုချယုံကြည်ကြောင်းလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

၁၉၆၂ ခုနှစ် မှ ယခု ၂၀၂၁ ခုနှစ်တိုင် စစ်အာဏာရှင်အဆက်ဆက်သည် ထောင်ပေါင်းများစွာသော လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူများကို စစ်အင်အားသုံးကာ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နိုင်ငံရေးလှုပ်ရှားသူပေါင်း သိန်း ဂဏန်းချီ၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သန်းနှင့်ချီသော တိုင်းရင်းသား ပြည်သူများ၏ ဘဝပေါင်းများစွာကို အတိ ဒုက္ခရောက်စေခြင်း၊ လူငယ်များ၏ မျှော်လင့်ချက်များနှင့် အနာဂတ်များကို စနစ်တကျဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။