Connect with us

Hi, what are you looking for?

News

ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးထုတ်ပြန်

ရေနံနှင့်ရေနံထွက်ပစ္စည်းဥပဒေသည် ပြည်သူ လူထုကရွေးချယ်တင်မြှောက်သောအစိုးရ နှင့် လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ကိုင်စွဲသုံးစွဲခွင့်မရှိဟု ဆိုသည်။

ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၀ရက်)တွင် ထုတ်ပြန်သည်။

ကိုဗစ် – ၁၉ ကပ်ရောဂါ ကြောင့်လည်းကောင်း၊ အကြမ်း ဖက် စစ်ကောင်စီ၏ ဖိနှိပ် နှိပ်စက်မှုများကြောင့် လည်း ကောင်း ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးလျော့ကျစေရေး နှင့် သယံဇာတမှရရှိသောရန်ပုံငွေကို ပြည်သူ အား နှိပ်စက်နေသော အကြမ်းဖက်အဖွဲ့များထံ မရောက်ရှိစေရေးအတွက် ယခု အမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဝန်ကြီး ဌာန၏ဝါဒများအနက် ဒုတိယဖြစ်သော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ မပြတ်တောက်စေရေး နှင့်အညီ ပြည်သူလူထု၏ ခရီးသွား လာရေး၊ ကုန်ဈေးနှုန်း မတိုးမြင့်စေရေးတို့အတွက် လောင်စာဆီ ဈေးနှုန်း များအား ထိန်းသိမ်းနိုင်စေရန် ရေနံနှင့် ရေနံထွက်ပစ္စည်း ဥပဒေ ပုဒ်မ ၈ ပါ အောက်ပါ အခွန်အခများအား နောက်ထပ် ညွှန်ကြားချက် တစုံတရာ မရရှိမီ အထိ ဥပဒေ ပုဒ်မ ၅၄၊ ပုဒ်မခွဲ (ခ) အရ လွတ်ငြိမ်းခွင့် ပြုကြောင်း ကြေညာခဲ့သည်။

လွတ်ငြိမ်းခွင့်ပြုခဲ့သည်များမှာ (က) နှစ်စဉ်ကြေး၊ (ခ) သက်တမ်းတိုးကြေး၊ (ဂ) ရက်လွန်ဒဏ်ကြေး (ဃ) ပိုင်ရှင်လွှဲပြောင်းကြေး၊ (င) အမည်ပြောင်းလဲကြေး၊ (စ)သိုလှောင်နိုင်သည့် ပမာဏပြင်ဆင်ပြောင်းလဲကြေး(ဆ) ပျက်စီး/ ပျောက်ဆုံးမိတ္တူမှန်ကြေး တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရေနံနှင့်ရေနံထွက်ပစ္စည်းဥပဒေသည် ပြည်သူ လူထုကရွေးချယ်တင်မြှောက်သောအစိုးရ နှင့် လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ကိုင်စွဲသုံးစွဲခွင့်မရှိဟု ဆိုသည်။

ယခု အမိန့်ကြော်ငြာစာအား ကျော်လွန်လုပ်ဆောင်ခြင်း၊ ဥပဒေမဲ့လုပ်ဆောင် ခြင်းများအားအစိုးရ၏သက်ဆိုင်ရာဝန်ကြီးဌာနများက အရေးယူဆောင်ရွက်နိုင်ရန် သတင်းပို့ညှိနှိုင်းသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို