Connect with us

Hi, what are you looking for?

LuduNwayOo

News

KIAနှင့်PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ငါးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ကျော် သေဆုံး

ဇူလိုင် ၉ရက် ညနေပိုင်းတွင် ကသာ (၃၀၉) တပ်ရင်းမှ မြို့လှသို့စစ်ကူလာသော စစ်ကောင်စီယာဉ်နှစ်စီးကို ကသာမြို့နယ် ပေါမမြိုင် ကျေးရွာ နှင့် ကသာ ကားကြီးကွင်းအကြားတွင် KIA/PDF ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်မြို့လှကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းတိုက်ခိုက်ရာ ၅ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ ကျော်သေဆုံးကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ကသာ PDFသည် KIA တပ်မဟာ (၈)၊ တပ်ရင်း (၅) ၏ ဦးဆောင်မှုဖြင့် ၎င်းတို့ အခြေချရာ ယာယီစခန်းအားထိုးစစ်ဆင်လာသော လူသတ်အကြမ်းဖက်စစ် ကောင်စီတပ်များကို မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၅ရက်မှ ၉ရက်နေ့အထိ တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြခဲ့သည်။

တိုက်ခိုက်ခံရသည့် တပ်များမှာ တပ်မ (၈၈)၊ ကသာတပ်ရင်း (၃၀၄)နှင့် (၃၀၉) တို့ ဖြစ်သည်ဟုဆိုသည်။တိုက်ပွဲဖြစ်စဉ်များအနက် ဇူလိုင် ၅ရက် ည (၉) နာရီခန့် KIA/PDF တို့ ထောင်ထားသောမိုင်း (၂) လုံးမိ၍ စစ်ကောင်စီအဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၆ရက် နံနက်ပိုင်းတွင် ကောက်ကွေ့ချောင်းအတိုင်း တက်လာသည့် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီတပ်၏ လှေ ၃စီးအား RPG ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ၂ စီး နစ်မြုပ်ပျက်စီးကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ဦးထက်မနည်း သေဆုံးပြီး ၁စီးထွက်ပြေးသွားကြောင်း၊ ဇူလိုင် ၇ရက် ည ၁၀ နာရီခန့်တွင်လည်း နယ်မြေအတွင်း ကျွံဝင်လာသည့် စစ်ကောင်စီတပ်သည် မိုင်း ၄လုံးမိ၍ ဗျူဟာမှူးအပါအဝင် ၃၀ထက်မနည်းသေဆုံးခဲ့ကြောင်း ကသာ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သေဆုံးထိခိုက်မှုများသော စစ်ကောင်စီတပ်သည် ဇူလိုင် ၉ရက် တွင် တိုက်လေယာဉ် ၄စီးဖြင့် လေကြောင်း ပစ်ကူပေးပြီး ခြေလျင် ထိုးစစ် ဝင်ရောက်လာရာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ ၅၀ ထက်မနည်းသေဆုံးကာ ၇၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ KIA/PDFပူးပေါင်းအဖွဲ့မှလည်း ၃ဦးကျဆုံးပြီး ၃ဦးပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဇူလိုင် ၉ရက် ညနေပိုင်းတွင် ကသာ (၃၀၉) တပ်ရင်းမှ မြို့လှသို့စစ်ကူလာသော စစ်ကောင်စီယာဉ်နှစ်စီးကို ကသာမြို့နယ် ပေါမမြိုင် ကျေးရွာ နှင့် ကသာ ကားကြီးကွင်းအကြားတွင် KIA/PDF ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းမှ ဗုံးတစ်လုံး ကြဲခဲ့သော်လည်း KIA/PDF ဘက်မှ အထိအခိုက် အကျအဆုံးမရှိခဲ့ဟု ဆိုသည်။ယခုရက်ပိုင်းအတွင်း မိုးတားကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာအနီးတဝိုက်တွင် စကစတပ်များသည် ယင်းတို့၏အလောင်းများအား ကျင်းတူးမြုပ်နှံလျက်ရှိပြီး ဒဏ်ရာရနှင့် မသေမရှင်များကို ရေကြောင်းမှသယ်ယူလျက်ရှိသည်ဟု ကသာ PDFက ထုတ်ပြန်သည်။

ကသာ PDFက ထုတ်ပြန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု စာရင်းများနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး KIA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ် မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသ အချို့တွင်စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။