Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဝေးမှာ သင်္ဂြိုလ်မယ့်ရုပ်အလောင်းများလို့ တန်းစီစောင့်ဆိုင်း​နေရ

လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ရေဝေးသုဿန်စည်ပင်သာယာဌာနတာဝန်ရှိသူတစ်ဦးက “ကိန်းဂဏန်းအချက်အလက်တွေတော့ ကျွန်တော်တို့ ဖြေခွင့်မရှိပါဘူး။ကိုယ်တိုင်လာကြည့်ရင်တော့ အားလုံးတွေ့နိုင်ပါတယ်”လို့ People’s Spring ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

(ကိုဗစ်​ရောဂါဖြင့် ​သေဆုံးသူများအား သဂြိုလ်ရန် ​ရေ​ဝေးသုသာန်၌ ပြင်ဆင်​နေသည်ကို ယ​နေ့​တွေ့ရစဥ်၊ ဓါတ်ပုံ - ခင်​​မောင်ဝင်း(​ရွှေအင်းသား)

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ သင်္ဂြိုလ်မယ့်ရုပ်အလောင်းတွေ များပြားနေတာကြောင့် တန်းစီစောင့်ဆိုင်းရတာတွေများ ရှိလာနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သတင်းရရှိပါတယ်။

ပုံမှန်အခြေအနေမှာ တစ်ရက်ပျမ်းမျှ ရုပ်အလောင်း ၃၀ ဝန်းကျင်သာ သင်္ဂြိုလ်ပေးခဲ့ရပြီး ဇူလိုင်ဒုတိယပတ်ကစပြီး ရုပ်အလောင်း တစ်ရက် ရာကျော် သင်္ဂြိုလ်ပေးနေတာ တွေ့ရတယ်လို့ အသင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

“အခုဟာက အသင်းတိုင်းက အကုန်မနိုင်မနင်းတွေဖြစ်ကုန်လို့ တချို့လမ်းကြောင်းတွေဆို ငြင်းနေရတယ်။ သေချာတာတစ်ခုက တစ်ရက်တစ်ရက်ကို အလောင်းရာကျော်နေတယ်”လို့ ရန်ကုန်မြို့ လူမှုကူညီရေးအသင်းကြီးတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

သူတို့အသင်းအနေနဲ့ တစ်ရက်ကို ရုပ်အလောင်းသယ်ပို့ရတဲ့လမ်းကြောင်း အခေါက်ရေ ၃၀ ခန့်သာရှိခဲ့ရာက ခုဆိုရင် တစ်မနက်တည်း အခေါက်ရေ ၄၀ နဲ့ ၅၀ ကြားလောက် သယ်ပို့ပေးနေရတယ်လို့ အဲဒီအသင်းတာဝန်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လူမှုကူညီရေးအသင်းတချို့ရဲ့ အဆိုအရ ကိုဗစ်ဒုတိယလှိုင်းနောက်ပိုင်း ရေဝေးသုဿာန်ကိုလာတဲ့နာရေးပို့သူအရေအတွက်စိစစ်မှု မရှိခဲ့ရာက ဒီရက်ပိုင်းမှာ မိသားစုဝင်တွေပဲ လိုက်ပို့ပေးကြဖို့ သတိပေးတာတွေ လုပ်လာတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ရေဝေးသုဿန်စည်ပင်သာယာဌာနတာဝန်ရှိသူတစ်ဦးက “ကိန်းဂဏန်းအချက်အလက်တွေတော့ ကျွန်တော်တို့ ဖြေခွင့်မရှိပါဘူး။ကိုယ်တိုင်လာကြည့်ရင်တော့ အားလုံးတွေ့နိုင်ပါတယ်”လို့ People’s Spring ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ဒီချုပ်အစိုးရလက်ထက် ကိုဗစ်ပထမလှိုင်းနဲ့ ဒု တိယလှိုင်းကာလတွေမှာ ရေးဝေသုဿာန်မှာ ၉၆ ပါးရောဂါနဲ့သေဆုံးသူတွေကိုသာ လက်ခံသဂြိုလ်ပေးခဲ့ပြီး ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့သူတွေကို ထိန်ပင်သုဿာန်တစ်ခုတည်းမှာသာ သင်္ဂြိုလ်ခွင့်ပြုခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ အကြောင်းအမျိုးမျိုးနဲ့ မိမိနေအိမ်မှာပဲ သေဆုံးတဲ့သူတွေဟာ မြို့နယ်ကျန်းမာရေးဌာနမှာ သင်္ဂြိုလ်လက်မှတ်ယူပြီး နာရေးစီစဉ်ရတာကြောင့် ရေဝေးကိုရောက်သွားတဲ့ရုပ်အလောင်းတွေဟာ ကိုဗစ်နဲ့သေတဲ့သူပါနိုင်သလို ကိုဗစ်သံသယနဲ့သေဆုံးသူတွေလည်း ပါလာနိုင်တယ်လို့ လူမှုကူညီရေးအသင်းတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်ကလည်း ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးများအပါအဝင် အရပ်သား ၉ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(စက်တင်ဘာ ၁၆ရက်)တွင် လက်ယက်ကုန်းရွာမှ ဘုန်းတော် ကြီးသင်စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်ခဲ့ပြီး မြေပြင်မှလည်း စီးနင်းတိုက်ခိုက်ခဲ့သည်။