Connect with us

Hi, what are you looking for?

News

ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာကို အီးယူ ယူရို ၂ သန်း ထောက်ပံ့

စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာပြည်သူတွေဟာ ဆိုးရွားတဲ့အကြမ်းဖက်မှုတွေကို ဆက်လက်ခံစားနေရပြီး ကျန်းမာရေးကဏ္ဍကို ပစ်မှတ်ထားတာ မြင့်တက်လာတာကလည်း အလွန်စိုးရိမ်ဖို့ကောင်းပါတယ်”လို့ မဟာမင်းကြီးက ဆက်ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ယူရို ၂ သန်း ထပ်မံကူညီထောက်ပံ့မယ်လို့ ဥရောပကော်မရှင် မနေ့က ကြေညာပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအလျင်အမြန်မြင့်တက်နေမှုကို တုန့်ပြန်ဆောင်ရွက်ခြင်းအဖြစ် အထက်ပါအကူအညီကို ပေးအပ်တာဖြစ်တယ်လို့ ဥရောပကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒီလိုခက်ခဲတဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ဥရောပသမဂ္ဂက ရပ်တည်နေပါတယ်။ မခိုင်ခန့်တဲ့ကျန်းမာရေးစနစ်ရဲ့စိန်ခေါ်မှုတွေရှိနေတဲ့နိုင်ငံမှာ ဒီရန်ပုံငွေကနေ အီးယူဟာ ကိုဗစ်လူနာတွေကို ကုသမှုပေးဖို့ ကူညီနိုင်မှာပါ” လို့ အီးယူရဲ့ အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ မဟာမင်းကြီး Janez Lenarcic က ပြောပါတယ်။

“စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာပြည်သူတွေဟာ ဆိုးရွားတဲ့အကြမ်းဖက်မှုတွေကို ဆက်လက်ခံစားနေရပြီး ကျန်းမာရေးကဏ္ဍကို ပစ်မှတ်ထားတာ မြင့်တက်လာတာကလည်း အလွန်စိုးရိမ်ဖို့ကောင်းပါတယ်”လို့ မဟာမင်းကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေကို အီးယူက ပြစ်တင်ရှုတ်ချပြီး နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေအရ ကျန်းမာရေးအလုပ်သမားတွေကို ကာကွယ်မှုပေးရေးကို တောင်းဆိုလိုက်ပါတယ်။”ကျန်းမာရေးလုပ်သားတွေဟာ ပြည်သူတွေရဲ့ အသက်ကယ်ဖို့အတွက် သူတို့ဘဝတွေနဲ့ ရင်းထားရပြီး သူတို့အလုပ်ကိုသူတို့ လုံခြုံဘေးကင်းစွာ လုပ်နိုင်ခွင့်ရှိရပါမယ်။ နောက်ပြီး လူသားချင်းစာနာမှု၊ ဆေးဝါးအထောက်အကူတွေကို အာမခံချက်ပေးထားရပါမယ်”လို့ Janez Lenarcic ကပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ အထက်ပါ ကူညီထောက်ပံ့မှုကို ယုံကြရပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက တစ်ဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။

အီးယူဟာ ထိခိုက်လွယ်တဲ့မြန်မာပြည်သူတွေကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး ၂၀၂၁ အတွင်း စုစုပေါင်း ယူရို ၂၀.၅ သန်း ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။