Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာရှင်ဆန့်ကျင်ရေးအတွက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ထားထက်ထက် ဖခင်ဖြစ်သူ ကွယ်လွန်

“ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။”ဟု ထားထက်ထက်ကရေးသားထားသည်။

အာဏာရှင်ဆန့်ကျင်ရေးအတွက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ထားထက်ထက်က ဖခင်ဖြစ်သူ ကွယ်လွန်သွားသည့် အကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
“ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကိုထားခဲ့တယ်။ သမီးရဲ့ ကမ္ဘာကြီးတခုလုံး သမီးရဲ့အရာရာဖေဖေ့ကို အဆက်အသွယ်မလုပ်တာ ၄ လရှိပြီ။ဖေဖေနဲ့စကားမပြောရတာ ၄ လရှိပြီ။ဖေဖေ့မျက်နှာမမြင်ရတာ ၄ လရှိပြီ။

ဖေဖေနေကောင်းကျန်းမာရဲ့လား ဘာလိုအပ်တာရှိလဲ အဆင်ပြေရဲ့လားဆိုတာတွေ အခြားလူတစ်ယောက်က တဆင့်ပဲ အမြဲမပြတ်မေးနေခဲ့ရတယ်။” ဟု ဇူလိုင် ၂၆ ရက်ညတွင် ထားထက်ထက်က ရေးသားထားသည်။

လွန်ခဲ့သည့် နှစ်ရက်က ဖခင်ဖြစ်သူ နေမကောင်းဖြစ်သည်ဟု ကြားရသော​ကြောင့် စိတ်ပူကာ ဇူလိုင် ၂၆ ညနေတွင် ဗီဒီယို ကောလ်ဖြင့် စကားပြောရန် ချိန်းထားသော်လည်း ဖခင်ဖြစ်သူသည် နေ့လည်ပိုင်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ထားထက်ထက်ကရေးသားထားသည်။

“ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။”ဟု ထားထက်ထက်ကရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထားထက်ထက်သည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သောကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် မတရား တရားစွဲဆိုခံခဲ့ရပြီး လွတ်မြောက်နယ်မြေသို့ရောက်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

သတင်း

အသက် (၇၀) ဝန်းကျင်အရွယ်ဦးအောင်ဝင်းသည်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိမ်းရှောင်နေသူဖြစ်သည်။ ခံဝန်ထိုးရန် စစ်ကောင်စီ၏ကမ်းလှမ်းမှုအား ပယ်ချပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဟု ထားဝယ်မြို့ခံများကပြောသည်။

နိုင်ငံတကာ

ကိုကိုလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က Instagramမှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့ရာမှာ တစ်ခါတလေ လူ့ဘဝဟာ သည်းမခံနိုင်လောက်အောင် ဒုက္ခတွေ များလွန်းတယ်လို့ ရေးသားထားခဲ့ပါတယ်။