Connect with us

Hi, what are you looking for?

News

အာဏာရှင်ဆန့်ကျင်ရေးအတွက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ထားထက်ထက် ဖခင်ဖြစ်သူ ကွယ်လွန်

“ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။”ဟု ထားထက်ထက်ကရေးသားထားသည်။

အာဏာရှင်ဆန့်ကျင်ရေးအတွက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ထားထက်ထက်က ဖခင်ဖြစ်သူ ကွယ်လွန်သွားသည့် အကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
“ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကိုထားခဲ့တယ်။ သမီးရဲ့ ကမ္ဘာကြီးတခုလုံး သမီးရဲ့အရာရာဖေဖေ့ကို အဆက်အသွယ်မလုပ်တာ ၄ လရှိပြီ။ဖေဖေနဲ့စကားမပြောရတာ ၄ လရှိပြီ။ဖေဖေ့မျက်နှာမမြင်ရတာ ၄ လရှိပြီ။

ဖေဖေနေကောင်းကျန်းမာရဲ့လား ဘာလိုအပ်တာရှိလဲ အဆင်ပြေရဲ့လားဆိုတာတွေ အခြားလူတစ်ယောက်က တဆင့်ပဲ အမြဲမပြတ်မေးနေခဲ့ရတယ်။” ဟု ဇူလိုင် ၂၆ ရက်ညတွင် ထားထက်ထက်က ရေးသားထားသည်။

လွန်ခဲ့သည့် နှစ်ရက်က ဖခင်ဖြစ်သူ နေမကောင်းဖြစ်သည်ဟု ကြားရသော​ကြောင့် စိတ်ပူကာ ဇူလိုင် ၂၆ ညနေတွင် ဗီဒီယို ကောလ်ဖြင့် စကားပြောရန် ချိန်းထားသော်လည်း ဖခင်ဖြစ်သူသည် နေ့လည်ပိုင်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ထားထက်ထက်ကရေးသားထားသည်။

“ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။”ဟု ထားထက်ထက်ကရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထားထက်ထက်သည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သောကြောင့် စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် မတရား တရားစွဲဆိုခံခဲ့ရပြီး လွတ်မြောက်နယ်မြေသို့ရောက်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။