Connect with us

Hi, what are you looking for?

သတင်း

ဩစတေးလျမှာ ပထမဆုံးပြမယ့် Ray ရုပ်ရှင်

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

ဇွန်-၈၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို တော်လှန်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးထားတာဖြစ်ပြီး မင်းမော်ကွန်း၊ ဒေါင်းနဲ့ ထားထက်ထက်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။

“ကျွန်တော်တို့အားလုံးအတူတူ ရုန်းကန်ကြိုးစားခဲ့ကြတဲ့

Public Service Announcement

Public Service Announcement

ခေတ်ကာလတစ်ခုရဲ့ ကြေးမုံလေးတစ်ချပ်ပါပဲ။” လို့ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ဒါရိုက်တာသည်ခေတ်နေက ရေးသားထားပါတယ်။

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် Ray အဖြစ် နေထားထက်ထက်ကပါဝင်ထားတာဖြစ်ပြီး အောင်မြင်မှုတွေကို စွန့်လွှတ်ကာ ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့တဲ့ အမျိုးသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

မင်းမော်ကွန်းကတော့ ကရင်ဗိုလ်မှုး တစ်ဦးအဖြစ်ပါဝင်ထားပြီး ဒေါင်းကတော့ ခရိုနီပေါက်စ တစ်ဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို ဇွန် ၂၇ ရက် ဆစ်ဒနီမြို့က Palace Cinemas Moore Park မှာ ပွဲစဉ်သုံးပွဲပြသမှာဖြစ်ပြီး မဲလ်ဘုန်းမြို့မှာတော့ ဇွန် ၂၈ ရက်မှာ ပြသဖို့စီစဉ်ထားပါတယ်။

“အခြားနိုင်ငံတွေ မြို့တွေကိုလည်း မကြာမီ အမြန်ဆုံးရောက်ရှိလာပါမယ်။” လို့ ဒါရိုက်တာသည်ခေတ်နေက ပြောထားပါတယ်။

ဒီဇာတ်ကားရဲ့ဇာတ်လမ်းက စာရေးဆရာ ခက်ဇော်ကရေးသားထားတာဖြစ်ပြီး ဝတ္ထုအနေနဲ့ မကြာခင်ဖြန့်ချိပေးသွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook