Connect with us

Hi, what are you looking for?

News

ကလေးငယ်တွေရဲ့ ကျန်းမာရေးကုသမှုနဲ့ ပညာရေး ရပိုင်ခွင့်တွေဆုံးရှုံးနေတယ်လို့ Save the Children ထုတ်ပြန်

“မြန်မာပြည်သူတွေဟာ လေးစားဖွယ် ကြံ့ခိုင်မာနဲ့ ခွန်အားတွေကို ပြသနေပါတယ်။ ဒါပေမဲ့ ဒီကြမ္မာဆိုးကို သူတို့ဘာသာ ရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ အကူအညီအရေးပေါ်လိုအပ်နေပါတယ်” လို့ Save the Children က ပြောပါတယ်။

(ကယားပြည်နယ် ဒီး​မော့ဆိုမြို့နယ်တွင် စစ်​​ဘေး​ရှောင်​နေရသည့် က​လေးငယ်များ တောတွင်းစစ်​ရှောင်စခန်းတစ်ခုတွင် ပညာသင်ကြား​နေစဥ် ၊ဓါတ်ပုံ - CJ)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ခြောက်အတွင်း နိုင်ငံတစ်ဝန်းရှိမိသားစုတွေရဲ့အခြေအနေဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုနဲ့ အတူ ပိုမိုဆိုးရွားနေပြီး ကလေးငယ်တွေဟာ ကျန်းမာရေးကုသမှုနဲ့ ပညာရေး ရပိုင်ခွင့်တွေဆုံး ရှုံးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ Save the Children အဖွဲ့က ဒီနေ့သတိပေး ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရှိ ကလေးငယ်အများစုဟာ ပြုစုကုသခွင့်မရရှိဘဲ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းမြင့်တက်နေပြီး ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်း စာရင်းအမှန်မသိရှိပေမယ့် စမ်းသပ်စစ်ဆေးမှုမှန်တမ်းများအရ ပိုးတွေ့လူနာ များရဲ့ ၃၅ ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်နေတယ်လို့ Save the Children က ဆိုပါတယ်။

“မြန်မာပြည်သူတွေဟာ လေးစားဖွယ် ကြံ့ခိုင်မာနဲ့ ခွန်အားတွေကို ပြသနေပါတယ်။ ဒါပေမဲ့ ဒီကြမ္မာဆိုးကို သူတို့ဘာသာ ရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ အကူအညီအရေးပေါ်လိုအပ်နေပါတယ်” လို့ Save the Children က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ လက်ရှိအကျပ်အတည်း အထူးသဖြင့် ကိုဗစ်-၁၉ အခြေအနေကို ဖြေရှင်းရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ခိုင်မာ၊ ညီညွတ်ပြီး ပြတ်သားတဲ့ကြိုးပမ်းအားထုတ်ဖို့ Save the Children က တောင်းဆိုပါတယ်။ ကုလလုံခြုံရေးကောင်စီနဲ့ အာဆီယံတို့ကလည်း မြန်မာကို ကယ် တင်ဖို့ အချိန်အများကြီး မရှိတော့ဘူးလို့ Save the Children က သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂစာရင်းများအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ကလေးငယ် ၇၅ ဦးသတ်ဖြတ်ခံခဲ့ပြီး တကယ်သေ ဆုံးခဲ့တဲ့အရေအတွက်ဟာ အဲဒီထက် မြင့်မားနိုင်ပါတယ်။ အဲဒီသေဆုံးခဲ့တဲ့အရေအတွက်ရဲ့ သုံးပုံတစ်ပုံကျော်ဟာ ၁၆ နှစ်အောက် ကလေးငယ်တွေဖြစ်ပါတယ်။ အငယ်ဆုံးကလေးဟာ ၁၈ လအရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး အဲဒီကလေးငယ်ဟာ ဖခင်ဖြစ်သူက သူမကို ဆေးရုံကို ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားစဉ် ရပ်တန့်မပေးတာကြောင့် စစ်တပ်က ကားနဲ့တိုက်သတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၇ နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေးငယ် ၁၀၄ ဦးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပြီး အများစုဟာ ကိုဗစ်-၁၉ ရောဂါပိုးပြန့်ပွားနေတဲ့ ရန်ကုန် အင်းစိန်ထောင်ထဲမှာ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ အခုနှစ် နွေရာသီအတွင်း အပူလျှပ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။