Connect with us

Hi, what are you looking for?

သတင်း

အရှင်ဆေကိန္ဒရဲ့ လူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြလေ့ကျင့်ပေးနေ

အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြလေ့ကျင့်ပေးနေပါတယ်။

အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြလေ့ကျင့်ပေးနေပါတယ်။

“က​လေး​တွေဆိုတာ နိုင်ငံ​ရေးမူဝါဒ​တွေ ၊နိုင်ငံ​ရေးပါတီ​တွေ ၊နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေရဲ့မူဝါဒစိုက်ပျိုးရာမဟုတ်ဘူး။လွတ်လပ်စွာရှင်သန်ကြီးပြင်းရမယ့် က​လေး​တွေဖြစ်တယ်။ဒါလုံးဝကိုမလုပ်သင့်တဲ့ မလုပ်အပ်တဲ့ကိစ္စကိုကျူးလွန်တဲ့ ဆိုးဆိုးရွားရွားပြစ်မှု”

— CDMအထက်တန်းကျောင်းအုပ်တဦး

အောက်တိုဘာ၂၊၂၀၂၆။ဟာနာဆန်/People’s Spring

အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြလေ့ကျင့်ပေးနေပါတယ်။

စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်ဆေကိန္ဒကရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းရွာမှာ ဖွင့်လှစ်ထားတဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ၅တန်းနဲ့ ၆တန်းကလေးတွေကို စစ်ရေးပြလေ့ကျင့်သင်ကြားပေးနေကြောင်း ရုပ်သံမှတ်တမ်းနဲ့တကွ ကျောင်းရဲ့ TikTok အကောင့်ကနေ ထုတ်ပြခဲ့ပါတယ်။

အဲဒီလို​လေ့ကျင့်တာဟာ ကလေးတွေကို ပိုမိုသန်မာစေပြီး PT ကာယလေ့ကျင့်ခန်းနဲ့ ကင်းထောက်ပညာတို့မှာစစ်ရေးပြတန်းစီ အလေးပြုစနစ်တွေ ပါဝင်တယ်လို့ အရှင်ဆေကိန္ဒရဲ့ တပည့်အချို့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးရဲ့ကျောင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အခုလို စစ်ရေးပြသင်ကြားပေးနေတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

“က​လေး​တွေဆိုတာ နိုင်ငံ​ရေးမူဝါဒ​တွေ ၊နိုင်ငံ​ရေးပါတီ​တွေ ၊နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေရဲ့မူဝါဒစိုက်ပျိုးရာ မဟုတ်ဘူး။လွတ်လပ်စွာရှင်သန်ကြီးပြင်းရမယ့် က​လေး​တွေဖြစ်တယ်။ မျိုးဆက်​တွေဖြစ်တယ်။ဒါလုံးဝကိုမလုပ်သင့်တဲ့ မလုပ်အပ်တဲ့ကိစ္စကိုကျူးလွန်တဲ့ ဆိုးဆိုးရွားရွားပြစ်မှုလို့မှတ်ချက်ပြုချင်ပါတယ်။”လို့ စစ်ကိုင်းတိုင်းက CDM ​ကျောက်အုပ်ဆရာတဦးက​ပြောပါတယ်။

“သူတို့​တွေအရွယ်​ရောက်လို့ စဥ်းစားဥာဏ်​တွေး​ခေါ်ဥာဏ်ရှိတဲ့ ဆုံးဖြတ်ချက် ချနိုင်တဲ့အ​နေအထားမှာ ဘယ်လိုအ​ရောင်အ​သွေး​တွေပဲ ဖြစ်ကြ ဖြစ်ကြ ကျွန်​တော်တို့ ဒီအ​ပေါ်မှာတစ်စုံတစ်ရာ မ​ပြောချင်ဘူး။က​လေးအရွယ်ကို​တော့ဒါမျိုးကြီးလုပ်တာမျိုးကတော့ပညာ​ရေးသမားတစ်​ယောက်အ​နေနဲ့ ရှုတ်ချပါတယ်။”လို့ အထက်ပါ ​ကျောင်းအုပ်က မှတ်ချက်ပြုပါတယ်။

“ဒီကလေးတွေဟာ နောက် ၁၀-၁၅နှစ်ဆိုဆယ်ကျော်သက် လူငယ်အရွယ်တွေရောက်ကြပြီ။ ငယ်ထဲက စစ်တပ်စိတ်ဓာတ်တွေကို ရိုက်ထည့်ထားတယ်။ စစ်တပ်ကဘယ်လိုကောင်းတယ်ဆိုတာကို ရိုက်ထည့်ထားကြတယ်။ ဒါကြောင့် ‌စာသင်ကျောင်းတွေ သင်ရိုးညွန်းတွေမှာ စစ်တပ်မူဝါဒါတွေ သင်ပေးတာ”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ပါတယ်။

ဓမ္မဒူတကျောင်းဟာ Grade 5(၅တန်း) တစ်တန်းကိုသာ ကျောင်းဝင်ခွင့်ပြုထားပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရကာ အောင်မြင်မှသာ တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။ အဲဒီကျောင်းမှာ ၁၂ တန်းအထိ သင်ကြားပေးပြီး အခမဲ့သင်ပေးတယ်လို့ သိရပါတယ်။ ကျောင်းသားတွေနဲ့ မိဘတွေဟာ နှစ်လတစ်​ကြိမ်သာ တွေ့ခွင့်ရကြပါတယ်။

“ပညာတတ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတဲ့သူတွေ မိုက်မဲတာက ပိုကြောက်စရာတောင် ကောင်းနေပါပြီ။ အမေစု ပြည်သူ့အစိုးရတုန်းက ကန့်လန့်တိုက် ကပ်ဖဲ့လုပ်ခဲ့တဲ့အရှင်ဆေကိန္ဒက အခုကြ အာဏာသိမ်းစစ်တပ်ရဲ့စေခိုင်းတာတွေ လုပ်နေရတယ်ဆိုတာ ပိုပြီးသက်သေထင်ရှားတာပေါ့”လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ပါတယ်။

စစ်​ခေါင်း​ဆောင်​တွေ၊စစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံ​ရေးရှိတဲ့ အရှင်ဆေကိန္ဒဟာ စစ်တပ်အာဏာသိမ်းပြီးနောက်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့တတိယမြောက် ပါမောက္ခချုပ်ဆရာတော်ဖြစ်လာပါတယ်။

ဒါ့အပြင်အရှင်ဆေကိန္ဒဟာ စစ်တပ်ကို စစ်ကူတိုက်ပေးပြီး ပြည်သူတွေသတ်ဖြတ်နေတဲ့ မန္တလေးတိုင်းက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်းထားတဲ့ ပေါက်ကိုယ်တော်ဘုန်းကြီးကို ကျပ်သိန်းတစ်ရာ ပေးအပ်တဲ့အပေါ် ဝေဖန်မှုခံခဲ့ရပါသေးတယ်။

၂၀၂၅ ဧပြီ ၄ရက်က ဆရာတော်ဆေကိန္ဒဟာ ပျူစောထီးဦးဆောင်သူ ပေါက်ကိုယ်တော်ဘုန်းကြီးကို တွေ့ဆုံပြီး ကျပ်သိန်းတစ်ရာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

Facebook