မန္တလေးမြို့တွင် ဗကသကျောင်းသားများသပိတ်စစ်ကြောင်းနှင့် စက်မှုစုပေါင်းသပိတ်စစ်ကြောင်းတို့ပူးပေါင်း၍ ယနေ့နံနက်တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၈ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း၁၈၅ ရက်ရှိပြီဖြစ်သည်။
