Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက တိုက်ပွဲဖော်​ဆောင်ပစ်ခတ်မှုများကြောင့် ပြည်သူလူထုထိခိုက်မှုရှိနေဟု KIA တာဝန်ရှိသူပြော

အင်းတော်ကြီးဒေသရှိ ကချင်ရွာများ ကချင်လူမျိုးများနေအိမ်များကို ရွေးပြီး စစ်ကောင်စီက ပစ်ခတ်ခဲ့ကြောင်း၊ တန်ပြန်တိုက်ပွဲ ဖြစ်ပွားမှုမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

(ဓါတ်ပုံမှာ ပုံအ​ဟောင်းများဖြစ်ပါသည်)

အာဏာသိမ်းစစ်ကောင်စီတပ်က ညအခါတွင် တစ်ဖက် သတ်ပစ်ခတ်မှုများလုပ်ဆောင်ခြင်းကြောင့် ဒေသခံ ပြည်သူလူထုအချို့ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူအား ယနေ့မေးမြန်းရာ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ လတ်တလောတွင် ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ၏ တိုက်ပွဲဖော်မှုသာရှိကြောင်း ပြောကြား သည်။

(ဓါတ်ပုံမှာ ပုံအ​ဟောင်းများဖြစ်ပါသည်)

စစ်ကောင်စီအနေဖြင့် ၀ိုင်းမော်မြို့နယ်ရှိ ခလရ(၅၈) တပ်ရင်း တစ်၀ိုက်၊ မြစ်ကြီးနား လေတပ်ပတ်ဝန်းကျင်နှင့် အင်းတော်ကြီးဒေသတို့၌ တိုက်ပွဲဖော်မှုရှိသည်ဟု ၎င်းက ဆိုသည်။

အင်းတော်ကြီးဒေသရှိ ကချင်ရွာများ ကချင်လူမျိုးများနေအိမ်များကို ရွေးပြီး စစ်ကောင်စီက ပစ်ခတ်ခဲ့ကြောင်း၊ တန်ပြန်တိုက်ပွဲ ဖြစ်ပွားမှုမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

(ဓါတ်ပုံမှာ ပုံအ​ဟောင်းများဖြစ်ပါသည်)

“၅၈ ဝန်းကျင်မှာလည်း အားလုံးသိကြတဲ့အတိုင်း ရွာသူရွာသားတွေရဲ့ အိမ်တွေပျက်စီးတာတွေရှိတယ်။ နောက်ပြီးတော့ မွေးမြူထားတဲ့တိရိစ္ဆာန်တွေထိခိုက်ပျက်စီးသွားတာတွေလည်းအများကြီးရှိတာပေါ့။ နောက် အင်းတော်ကြီးဘက်မှာလည်း ဟိုတစ်နေ့က ပြည်သူ လူထုတွေ လေးယောက်ထိခိုက်သွားတာပဲ။ တချို့တွေကတော့ ဆေးရုံတက်သွားတာရှိတယ် ကိုယ့်အိမ်တွေမှာ ကုတာလည်းရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ခလရ(၅၈) တပ်အနီးရှိ KIO/KIAပိုင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီရုံးမှ ဝန်ထမ်း ၆ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားရာ ပြန်လွတ်လာခြင်းမရှိသေးပေ။
KIA သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့ တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများသလို ပြည်သူ့ကာကွယ်ရေးရဲဘော်၉ဦးကျဆုံးခဲ့တယ်လို့ ‌စုံစမ်းသိရပါတတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့(ဇန်နဝါရီ ၁၄ရက်)မှာထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook