Connect with us

Hi, what are you looking for?

News

ရဲနဲ့ စစ်သား​တွေ စစ်အာဏာရှင်တွေနဲ့မပူးပေါင်းဘဲ ပြည်သူလူထုဘက်ရပ်ဖို့ NUGယာယီသမ္မတ ဖိတ်ခေါ်

အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ၇ လအကြာမှာ စစ်အာဏာရှင်တွေလက်အောက်မှာ မနေလိုဘဲ ထွက်ပြေး လာတဲ့၊ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲသားနဲ့ တပ်မတော်သားတွေများပြားလာပြီး လက်ရှိအချိန်မှာ စုစုပေါင်း အနည်းဆုံး ၂၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူးဝါးလရှီးလဟာ စစ်အာဏာရှင်တွေနဲ့မပူးပေါင်းဘဲ ပြည်သူလူ ထုဘက်ရပ်ဖို့ ရဲနဲ့ တပ်မတော်သားတွေကို နွေးထွေးစွာကြိုဆိုတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာရေးသားဖော် ပြပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းအပြီး ၇ လအကြာမှာ စစ်အာဏာရှင်တွေလက်အောက်မှာ မနေလိုဘဲ ထွက်ပြေး လာတဲ့၊ CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲသားနဲ့ တပ်မတော်သားတွေများပြားလာပြီး လက်ရှိအချိန်မှာ စုစုပေါင်း အနည်းဆုံး ၂၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

“စစ်အာဏာရှင်များနှင့် မပူးပေါင်းဘဲ ပြည်သူများနှင့်ပူးပေါင်းသူများကို ပြည်သူ့ရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုပါတယ်”လို့ ယာယီသမ္မတဒူးဝါးလရှီးလက ရေးသားပါတယ်။

CDM ပြုလုပ်ဖို့ အခက်အခဲများရှိပါက ပြည်သူ့ရဲနှင့် တပ်မတော်သားများကို ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ Telegram လိပ်စာ(http://t.me/MyanmarPeople)ကိုဆက်သွယ်နိုင်တယ်လို့ NUG ယာယီသမ္မတက ဆက် လက်ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement


အဲဒီတယ်လီဂရမ်စာမျက်နှာကို ဝင်ရောက်ကြည့်ရှုတဲ့အခါမှာ ‘လာရောက်ဆက်သွယ်သူ အလွန်များနေ၍ Reply ရရန် ၆ နာရီအထိ စောင့်ရနိုင်ပါသည်’ လို့ အသိပေးထားပါတယ်။

Public Service Announcement

အာဏာသိမ်းတဲ့ ၇ လအတွင်း စစ်ခေါင်းဆောင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာပြည်သူအများစု ဟာ စစ်တပ်အပေါ် မုန်းတီးရွံရှာနေပြီး စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံနေတဲ့ တပ်မတော်သားတွေဟာလည်း စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု မရှိတော့တဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။

(​ညောင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ​နေ​သောပြည်သူများအား အကြမ်းဖက်ဖြိုခွင်း​နေ​သော စစ်သားနှင့်ရဲများကို ​တွေ့ရစဥ်၊ ဓါတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။