Connect with us

Hi, what are you looking for?

News

KIA နှင့်အာဏာသိမ်းစစ်တပ် ရွှေကူမြို့နယ်တွင် တိုက်ပွဲဖြစ်

အဆိုပါ ကျောက်ကြီးဒေသ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက် ကျဆုံးမှု အခြေအနေများ ရှိ၊မရှိကိုမူ ဖော်ပြမထားပေ။

ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်အာဏာသိမ်းစစ်တပ်တို့ ယနေ့ မနက်ပိုင်းက ရွှေကူမြို့နယ် ကျောက်ကြီး ဒေသ၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) တပ်ရင်း(၅)နယ်မြေ ကျောက်ကြီးဒေသ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် ခလရ (၃၆၃) တပ်ဖွဲ့မှ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာ၍ KIA က ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထား သည်။

အဆိုပါ ကျောက်ကြီးဒေသ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက် ကျဆုံးမှု အခြေအနေများ ရှိ၊မရှိကိုမူ ဖော်ပြမထားပေ။

KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆) နယ်မြေ မုံးကိုးနှင့် ဖောင်းဆိုင် ဒေသ ၌လည်း ယနေ့ ညနေပိုင်းက အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထား သည်။ အဆိုပါဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်လခန့်ရှိပြီး ဩဂုတ်လကုန်ပိုင်း၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေါ့ဖုန်းယန်ဒေသရှိ အရပ်သားပြည်သူတစ်ဦး၏ ကျွဲခြံ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ကျွဲ ၇ကောင် ထိမှန်သေဆုံးသွားကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

ကချင်ပြည်နယ် ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

Facebook