မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည်အသက် သွင်းရေးကို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနဲ့ အိန္ဒိယလေးနိုင်ငံဖွဲ့ စည်းထားတဲ့ QUAD အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
QUAD အဖွဲ့ခေါင်းဆောင်တွေရဲ့ ပထဆုံးအကြိမ်လူချင်းတွေ့ဆုံဆွေးနွေးမှုအပြီးထုတ်ပြန်တဲ့ ပူး တွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းနဲ့ တောင်းဆိုချက်တွေ ဖော်ပြထားတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံညှိနှိုင်းရေးနဲ့ ဒီမိုကရေစီစနစ်ကိုအမြန်ဆုံးပြန်လည်အသက်သွင်းရေးတို့ကို ကျွန်ုပ်တို့ ဆက်လက်တောင်းဆို ပါတယ်” လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
အိမ်ဖြူတော်မှာပထမဆုံးကျင်းပတဲ့ QUAD ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၊ ဩစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်၊ ဂျပန်ဝန်ကြီးချုပ် ဆူဂါနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တက် ရောက်ခဲ့ကြတာပါ။

Public Service Announcement
ထိပ်သီးခေါင်းဆောင်တွေဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူချက် ၅ ရပ်ကို အရေးပေါ်အကောင် အထည်ဖော်ဖို့အတွက်လည်း ထပ်လောင်းတောင်းဆိုသွားပါတယ်။
QUAD အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကုလသမဂ္ဂအပါအဝင် ဘက်ပေါင်းစုံအဖွဲ့ အစည်းတွေကနေ နက်ရှိုင်းခိုင်မာစေမှာဖြစ်ပြီး တစ်နိုင်ငံချင်းစီကနေဖြစ်စေ၊ အတူတကွဖြစ်စေ ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ရင်ဆိုင်သွားမယ်လို့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
