Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အခြေအနေသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တယ်လို့ အီးယူနဲ့တရုတ်ပြော

မြန်မာ့အရေးနဲ့ပတ်သက်လို့ အီးယူနဲ့တရုတ်တို့ဟာ အကျိုးစီးပွားနဲ့ နိုင်ငံတွင်းသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအခြေအနေသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တယ်လို့ ဥရောပသမဂ္ဂအကြီးအကဲနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က ဆွေးနွေးပြောကြားပါတယ်။

ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်၊ ဒုတိယဥက္ကဌ ဂျိုးဆပ်ဘော်ရယ်နဲ့ တရုတ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီဝမ်ယိတို့ရဲ့ ၁၁ ကြိမ်မြောက် အီးယူ-တရုတ်မဟာဗျူဟာဆွေးနွေးပွဲကို မနေ့ က အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး အီးယူ-တရုတ်ဆက်ဆံရေး၊ မြန်မာ့အရေးအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အီးယူရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အီးယူနဲ့တရုတ်တို့ဟာ အကျိုးစီးပွားနဲ့ နိုင်ငံတွင်းသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့အခြေအနေဟာ အဖက်ဖက်ယိုယွင်းကျဆင်းနေပြီး မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတာပါ။ ဒီအခြေအနေဟာ တရုတ် နိုင်ငံအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေပေါ် ရိုက်ခတ်မှုရှိလာမယ် လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိနေတဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးနဲ့ပတ် သက်လို့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဥရောပသမဂ္ဂကတော့ မြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်း သားတွေ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့တောင်းဆိုထားပြီး အဲဒါတွေ အောင်မြင်ဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။