Connect with us

Hi, what are you looking for?

News

မြန်မာ့အခြေအနေသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တယ်လို့ အီးယူနဲ့တရုတ်ပြော

မြန်မာ့အရေးနဲ့ပတ်သက်လို့ အီးယူနဲ့တရုတ်တို့ဟာ အကျိုးစီးပွားနဲ့ နိုင်ငံတွင်းသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအခြေအနေသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တယ်လို့ ဥရောပသမဂ္ဂအကြီးအကဲနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က ဆွေးနွေးပြောကြားပါတယ်။

ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်၊ ဒုတိယဥက္ကဌ ဂျိုးဆပ်ဘော်ရယ်နဲ့ တရုတ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီဝမ်ယိတို့ရဲ့ ၁၁ ကြိမ်မြောက် အီးယူ-တရုတ်မဟာဗျူဟာဆွေးနွေးပွဲကို မနေ့ က အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး အီးယူ-တရုတ်ဆက်ဆံရေး၊ မြန်မာ့အရေးအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အီးယူရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အီးယူနဲ့တရုတ်တို့ဟာ အကျိုးစီးပွားနဲ့ နိုင်ငံတွင်းသာမက ဒေသတွင်းတည်ငြိမ်ရေးကိုပါ စိုးရိမ်ပူပန်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့အခြေအနေဟာ အဖက်ဖက်ယိုယွင်းကျဆင်းနေပြီး မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတာပါ။ ဒီအခြေအနေဟာ တရုတ် နိုင်ငံအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေပေါ် ရိုက်ခတ်မှုရှိလာမယ် လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိနေတဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးနဲ့ပတ် သက်လို့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဥရောပသမဂ္ဂကတော့ မြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်း သားတွေ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့တောင်းဆိုထားပြီး အဲဒါတွေ အောင်မြင်ဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။