Connect with us

Hi, what are you looking for?

LuduNwayOo

News

မဟာဗောဓိမြိုင်ဆရာတော်​တောရ ဖူး​​မျှော်သူတအားများ​​နေ၍ ကန့်သတ်ချက်များထုတ်ထားရ

ဆရာတော်သည် ဆိတ်ငြိမ်​ခြင်းကို နှစ်သက်သော်လည်း လာရောက်ဖူးမျှော်သူများက နံနက် ၁ နာရီအချိန်ခန့်ကတည်းက ဉေယျဓမ်တောရကျောင်းအတွင်း လာရောက်စောင့်ဆိုင်းကြသောကြောင့် ဆူညံသံများဖြစ်ပေါ်နေသည်ဟုဆိုကာစည်းကမ်းချက် ​ခြောက်ချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မဟာဗောဓိမြိုင်ဆရာတော်ကို နေ့စဉ်လာရောက်ဖူးမျှော်သူထောင်နှင့်ချီ၍ရှိ​နေပြီး ဆူညံမှုများရှိသောကြောင့်အောက်တိုဘာ ၁ ရက်ကစပြီး စည်းကမ်းချက်အသစ်များထပ်မံထုတ်ပြန်လိုက်သည်။

ဆရာတော်သည် ဆိတ်ငြိမ်​ခြင်းကို နှစ်သက်သော်လည်း လာရောက်ဖူးမျှော်သူများက နံနက် ၁ နာရီအချိန်ခန့်ကတည်းက ဉေယျဓမ်တောရကျောင်းအတွင်း လာရောက်စောင့်ဆိုင်းကြသောကြောင့် ဆူညံသံများဖြစ်ပေါ်နေသည်ဟုဆိုကာစည်းကမ်းချက် ​ခြောက်ချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စည်းကမ်းချက်များမှာ ကျောင်းပတ်ဝန်းကျင်၌ ညအိပ်ယာဥ်များ နေထိုင်ခွင့်မပြုခြင်း ၊ကျောင်းသို့လာသည့်​မြေနီလမ်းကို နံနက် ၅ နာရီခွဲအချိန်အထိ ဖြတ်သန်းခွင့်မပြုဘဲ သတ်မှတ်ထားချိန်ကျော်မှသာ ဝင်ခွင့်ပြုခြင်း ၊ ကျောင်းဝန်းအတွင်းလာရောက်သူများအားလုံး စကားမပြောရန် နှင့်ဖုန်းများအသံပိတ်ထားရန် ၊ လာရောက်ဖူးမျှော်သူများသည် နေရာဦးခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ကပ္ပိယများနေရာချပေးသည့် အတိုင်းလိုက်နာရန် နှင့် အားလုံးဖူးမျှော်နိုင်ရန်စီစဉ်ပေးမည်ဖြစ်ကြောင်းကြေညာထားသည်။

မဟာဗောဓိမြိုင်ဆရာတော်ကို နေ့စဉ် လာရောက်ဖူးမျှော်သူ ထောင်နှင့်ချီ၍ ရှိပြီး ဆူညံသံများကြုံနေရကြောင်း ယင်းနေရာသို့သွားရောက်ဖူးမျှော်သူများက ၎င်းတို့၏ အတွေ့အကြုံများကိုဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

မဟာဗောဓိမြိုင်ဆရာတော်သည် ဝါတွင်းကာလ၌နေ့စဉ် နံနက် ၇ နာရီတွင် ဆွမ်းခံထွက်ခြင်းဖြစ်ပြီး ယင်းအချိန်ကို သွားရောက်ဖူးမျှော်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement