Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုရီးယားရောက်မြန်မာတွေရဲ့ One Day Challenge ကနေ NUGကို ဒေါ်လာတစ်သိန်းလှူဒါန်း

အဲဒီ One Day Challenge လှုပ်ရှားမှုဟာ တောင်ကိုရီးယားရောက်မြန်မာတွေက သူတို့လစာထဲက လစာရဲ့တစ်ရက်စာကို NUGအတွက် လှူဒါန်းဖို့ ထည့်ဝင်ကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားမြန်မာနိုင်ငံသားများရဲ့ One Day Challenge လှုပ်ရှားမှုက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)- Myanmar Network ရဲ့ One Day Challenge အဖွဲ့ဝင်တွေ လှူဒါန်းတဲ့ ဒေါ်လာတစ်သိန်းကို NUG ကို ထည့်ဝင်လှူဒါန်းပေးမှုအား ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးပို့ပါ တယ်။

အဲဒီ One Day Challenge လှုပ်ရှားမှုဟာ တောင်ကိုရီးယားရောက်မြန်မာတွေက သူတို့လစာထဲက လစာရဲ့တစ်ရက်စာကို NUGအတွက် လှူဒါန်းဖို့ ထည့်ဝင်ကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ NUG ကို ဘဏ္ဍာရန်ပုံငွေထောက်ပံ့ဖို့ အတွက် One Day Challenge ကို ပြီးခဲ့တဲ့ ဇူလိုင်မှာ စတင်ခဲ့ပြီး အဲဒီလှုပ်ရှားမှုမှာ ကိုရီးယားရောက် မြန်မာ နိုင်ငံသားအဖွဲ့ဝင် ၁၃၁၇ ဦး(လက်ရှိ) ရှိပြီး NUG ကို လစဉ် ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၂,၃၆၄၀,၀၀၀ ထောက်ပံ့နိုင်မယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်နဲ့ စက်တင်ဘာမှာ ရရှိတဲ့ရန်ပုံငွေများအနက်မှ ဒေါ်လာ တစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေ ၁,၂၀၃ သိန်း ကို အောက်တိုဘာ ၆ ရက်မှာ NUG ဘဏ်အကောင့်သို့ ကိုရီးယားဘဏ်ကတဆင့် လွှဲပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

One Day Challenge မှာ တက်ကြွစွာပူးပေါင်းပါဝင်ပေးကြတဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသား တွေကို အထူးကျေးဇူးတင်ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။