Connect with us

Hi, what are you looking for?

News

ကိုရီးယားရောက်မြန်မာတွေရဲ့ One Day Challenge ကနေ NUGကို ဒေါ်လာတစ်သိန်းလှူဒါန်း

အဲဒီ One Day Challenge လှုပ်ရှားမှုဟာ တောင်ကိုရီးယားရောက်မြန်မာတွေက သူတို့လစာထဲက လစာရဲ့တစ်ရက်စာကို NUGအတွက် လှူဒါန်းဖို့ ထည့်ဝင်ကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားမြန်မာနိုင်ငံသားများရဲ့ One Day Challenge လှုပ်ရှားမှုက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)- Myanmar Network ရဲ့ One Day Challenge အဖွဲ့ဝင်တွေ လှူဒါန်းတဲ့ ဒေါ်လာတစ်သိန်းကို NUG ကို ထည့်ဝင်လှူဒါန်းပေးမှုအား ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးပို့ပါ တယ်။

အဲဒီ One Day Challenge လှုပ်ရှားမှုဟာ တောင်ကိုရီးယားရောက်မြန်မာတွေက သူတို့လစာထဲက လစာရဲ့တစ်ရက်စာကို NUGအတွက် လှူဒါန်းဖို့ ထည့်ဝင်ကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ NUG ကို ဘဏ္ဍာရန်ပုံငွေထောက်ပံ့ဖို့ အတွက် One Day Challenge ကို ပြီးခဲ့တဲ့ ဇူလိုင်မှာ စတင်ခဲ့ပြီး အဲဒီလှုပ်ရှားမှုမှာ ကိုရီးယားရောက် မြန်မာ နိုင်ငံသားအဖွဲ့ဝင် ၁၃၁၇ ဦး(လက်ရှိ) ရှိပြီး NUG ကို လစဉ် ဘဏ္ဍာရန်ပုံငွေ ဝမ် ၁၂,၃၆၄၀,၀၀၀ ထောက်ပံ့နိုင်မယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်နဲ့ စက်တင်ဘာမှာ ရရှိတဲ့ရန်ပုံငွေများအနက်မှ ဒေါ်လာ တစ်သိန်းနဲ့ ညီမျှတဲ့ ဝမ်ငွေ ၁,၂၀၃ သိန်း ကို အောက်တိုဘာ ၆ ရက်မှာ NUG ဘဏ်အကောင့်သို့ ကိုရီးယားဘဏ်ကတဆင့် လွှဲပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

One Day Challenge မှာ တက်ကြွစွာပူးပေါင်းပါဝင်ပေးကြတဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသား တွေကို အထူးကျေးဇူးတင်ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။