Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာသတင်းဓာတ်ပုံဆရာတစ်ဦး ဘေရုစ်စစ်သတင်း ထောက်ဆုရရှိ

ဒိုင်လူကြီးတွေဟာ မြန်မာနိုင်ငံမှာ လူငယ်သတင်းဓာတ်ပုံဆရာတွေ အလုပ်လုပ်ကြရတဲ့အခြေအနေကို မီးမောင်းထိုးပြချင်တာဖြစ်တယ်လို့ သူကိုယ်တိုင်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီး နောက်ပိုင်း ၁၉၈၅ မှာ အီရန်ကထွက်ပြေးခဲ့ရတဲ့ Deghati က ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ နာမည်ကျော်ဘေရုစ်စစ်သတင်းထောက်ဆုကို အမည်မဖော်လိုတဲ့မြန်မာသတင်း ဓာတ်ပုံဆရာတစ်ဦးက ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်။

ဘေရုစ်စစ်သတင်းထောက်ဆုတွေအတွက် ဝါရင့်သတင်း ထောက်အများအပြားအပါအဝင် နိုင်ငံတကာက ဂျာနယ်တွေ ဂုဏ်ပြုရွေးချယ်ခဲ့တာဖြစ်ပြီး ဓာတ်ပုံဆုအတွက် ဒိုင်လူကြီးတွေက မြန်မာသတင်းဓာတ်ပုံ ဆရာကို တညီတညွတ်တည်းရွေးချယ်ခဲ့တယ်လို့ ဆုရွေးချယ်ရေး ဥက္ကဌ Manoocher Deghati က AFP သတင်းဌာနကို ပြောပါတယ်။

ဒိုင်လူကြီးတွေဟာ မြန်မာနိုင်ငံမှာ လူငယ်သတင်းဓာတ်ပုံဆရာတွေ အလုပ်လုပ်ကြရတဲ့အခြေအနေကို မီးမောင်းထိုးပြချင်တာဖြစ်တယ်လို့ သူကိုယ်တိုင်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီး နောက်ပိုင်း ၁၉၈၅ မှာ အီရန်ကထွက်ပြေးခဲ့ရတဲ့ Deghati က ပြောပါတယ်။

ဆုချီးမြှင့်ပေးအပ်ပွဲပြုလုပ်တဲ့ ပြင်သစ်မြောက်ပိုင်း ဘေရုစ်မှာ အမည်မဖော်လိုသူမြန်မာသတင်းဓာတ်ပုံဆရာရဲ့ ပုံတွေနဲ့အတူ အခြားသော မြန်မာသတင်းဓာတ်ပုံဆရာတွေရဲ့ ပုံတွေကိုလည်း ပြသထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းတုန်းကလည်း မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ အမည်မဖော်လိုတဲ့မြန်မာသတင်းဓာတ်ပုံဆရာတစ်ဦးက Visa d’Or for News ဆု ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement