Connect with us

Hi, what are you looking for?

News

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက် လုံခြုံရေးရဲကင်း ဗုံးပစ်ခံရ

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါရဲတပ်သားများအား သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်အား လုံခြုံရေးတာဝန်ယူထားသည့် ရဲကင်းလက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၇ ရက် ည ၉နာရီခန့်က မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်ဂိတ်တွင် လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်သားများအား အမည်မသိလူ တစ်စုကလက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးထိခိုက်မှုများ ရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါရဲတပ်သားများအား သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

စက်တင်ဘာလလယ်ကလည်း မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်ကို ပို့ဆောင်ပေးနေသည့် ရေပိုက်လိုင်း တစ် ခု ကို ၂ကြိမ်တိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

(မြန်မာဝမ်ပေါင်ကုမ္ပဏီက စစ်တပ်ပိုင် မြန်မာ့ဦးပိုင်နှင့်ပူးပေါင်း၍ ကြေးနီတူးဖော်နေသော လက်ပံတောင်းတောင်နှင့် ကြေးစင်တောင်တို့ကို ဂြိုဟ်တုမှမြင်တွေ့ရသောပုံ ၊ဓါတ်ပုံ-ejatlas.org)

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။