Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး လူငယ်များသပိတ်စစ်ကြောင်း ကားနဲ့ဝင်တိုက်ပြီးဖြိုခွင်းခံရပြီး ၆ဦးဖမ်းခံရ

ကားနဲ့ဝင်တိုက်တဲ့အပြင် ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသား၄ဦး၊ အမျိုးသမီး ၂ဦးဖမ်းခံရပြီး ဒဏ်ရာရရှိခဲ့သူတွေရှိခဲ့ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့ မန္တလေးလူငယ်များသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်ပိုင်းမှာ ကားနဲ့ဝင်တိုက်ပြီးဖြိုခွင်းလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီခွဲလောက်က မန္တလေးလူငယ်များသပိတ်စစ်ကြောင်း ချီတက် ဆန္ဒဖော်ထုတ်နေချိန် ၆၉လမ်း ၃၇လမ်းနဲ့ ၃၈လမ်းအရောက်မှာ ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းဖမ်းဆီးတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့လူငယ်၁ ဦးကပြောပါတယ်။

ကားနဲ့ဝင်တိုက်တဲ့အပြင် ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသား၄ဦး၊ အမျိုးသမီး ၂ဦးဖမ်းခံရပြီး ဒဏ်ရာရရှိခဲ့သူတွေရှိခဲ့ပါတယ်။

“ လူအုပ်ထဲကို ကားနဲ့တိုက်ပြီးဖမ်းတာ။ ဒဏ်ရာရတဲ့ သူတွေက သပိတ်ခေါင်းဆောင်ပိုင်းတွေ ကော အားလုံးနီးပါးဒဏ်ရာရကြတယ်” လို့ လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူ ၆ဦးထဲမှာ သေနတ်ဒဏ်ရာရရှိသူတွေလည်းပါသွားတယ်လို့ပြောပါတယ်။

ဆန္ဒပြလူငယ်တွေရဲ့ ဆိုင်ကယ် ၁၀စီးခန့်ကိုလည်း စစ်ကောင်စီက သိမ်ဆည်းသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့တွင်းရှိ လမ်းမနေရာအနှံအပြားမှာ စစ်ဆေးတာတွေ ၊ အရပ်ဝတ်နဲ့ လှည့်လည်တာတွေ ပြုလုပ်နေပေမယ့် သပိတ်စစ်ကြောင်းအသီးသီးကတော့ ဆန္ဒဖော်ထုတ်မှုတွေရှိနေဆဲဖြစ်ပါတယ်။

ဒီနေ့မန္တလေးမှာ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မနက် ၁၀နာရီလောက်က မန္တလေးမြို့ စည်ပင်မြို့တော်ခန်းမအတွင်း အစည်းအဝေးပြုလုပ်နေချိန် ခန်းမရှေ့အပြင်ဘက် ရပ်ထားတဲ့ကားနှစ်စီးကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

တစ်ချိန်တည်းမှာတင် ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ် အခွန်ရုံးအတွင်းမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

You May Also Like

သတင်း

ယနေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ရထားသံလမ်း တံတားအမှတ် (၂၁၇)အနီး၌ ရန်ကုန် - မန္တလေး အမှတ် (၃)အဆန်ရထားသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

သတင်း

အောင်မြေသာစံမြို့နယ်၊ အမရ ဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၇လမ်းနဲ့ ၈လမ်းကြား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာပစ်ခတ်ခံရတာပါ။

သတင်း

စာမေးပွဲဖြေပြီးထွက်လာတဲ့ ကျောင်းသူ ၊ကျောင်းသားတွေထံ အဲဒီဝါဒဖြန့် စာစောင်တွေ ကမ်းနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

သတင်း

"ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။