Connect with us

Hi, what are you looking for?

News

မန္တလေး လူငယ်များသပိတ်စစ်ကြောင်း ကားနဲ့ဝင်တိုက်ပြီးဖြိုခွင်းခံရပြီး ၆ဦးဖမ်းခံရ

ကားနဲ့ဝင်တိုက်တဲ့အပြင် ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသား၄ဦး၊ အမျိုးသမီး ၂ဦးဖမ်းခံရပြီး ဒဏ်ရာရရှိခဲ့သူတွေရှိခဲ့ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့ မန္တလေးလူငယ်များသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်ပိုင်းမှာ ကားနဲ့ဝင်တိုက်ပြီးဖြိုခွင်းလိုက်တယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီခွဲလောက်က မန္တလေးလူငယ်များသပိတ်စစ်ကြောင်း ချီတက် ဆန္ဒဖော်ထုတ်နေချိန် ၆၉လမ်း ၃၇လမ်းနဲ့ ၃၈လမ်းအရောက်မှာ ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းဖမ်းဆီးတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့လူငယ်၁ ဦးကပြောပါတယ်။

ကားနဲ့ဝင်တိုက်တဲ့အပြင် ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသား၄ဦး၊ အမျိုးသမီး ၂ဦးဖမ်းခံရပြီး ဒဏ်ရာရရှိခဲ့သူတွေရှိခဲ့ပါတယ်။

“လူအုပ်ထဲကို ကားနဲ့တိုက်ပြီးဖမ်းတာ။ ဒဏ်ရာရတဲ့ သူတွေက သပိတ်ခေါင်းဆောင်ပိုင်းတွေ ကော အားလုံးနီးပါးဒဏ်ရာရကြတယ်”လို့ လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံလိုက်ရသူ ၆ဦးထဲမှာ သေနတ်ဒဏ်ရာရရှိသူတွေလည်းပါသွားတယ်လို့ပြောပါတယ်။

ဆန္ဒပြလူငယ်တွေရဲ့ ဆိုင်ကယ် ၁၀စီးခန့်ကိုလည်း စစ်ကောင်စီက သိမ်ဆည်းသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့တွင်းရှိ လမ်းမနေရာအနှံအပြားမှာ စစ်ဆေးတာတွေ ၊ အရပ်ဝတ်နဲ့ လှည့်လည်တာတွေ ပြုလုပ်နေပေမယ့် သပိတ်စစ်ကြောင်းအသီးသီးကတော့ ဆန္ဒဖော်ထုတ်မှုတွေရှိနေဆဲဖြစ်ပါတယ်။

ဒီနေ့မန္တလေးမှာ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မနက် ၁၀နာရီလောက်က မန္တလေးမြို့ စည်ပင်မြို့တော်ခန်းမအတွင်း အစည်းအဝေးပြုလုပ်နေချိန် ခန်းမရှေ့အပြင်ဘက် ရပ်ထားတဲ့ကားနှစ်စီးကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

တစ်ချိန်တည်းမှာတင် ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ် အခွန်ရုံးအတွင်းမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။