Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်သတင်းကျွတ် မီးထွန်းဆန္ဒထုတ်​ဖော်​သောလူငယ်​လေးဦးဖမ်းဆီးခံရ

“ဖြစ်တာက မနေ့က ည ၈ နာရီလောက်။ ဆိုင်က စားပွဲထိုး ကလေးတွေရယ်။လဘက်ရည်ဆိုင်ကိုလာတဲ့ နှစ်ဦးကို ဖမ်းသွားတာ”ဟု ၄၀ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“တော်လှန်ရေး သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာ ရှင်ကို လောင်ကျွမ်းစေမယ်”NLD လိုဂိုနှင့် မီးထွန်းခဲ့သော မြောက်ဒဂုံမြို့နယ်မှ လေးဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများသည် မြောက်ဒဂုံမြို့နယ်(၄၀) ရပ်ကွက် တပင်ရွှေထီးလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့် ရှိ မိဘမေတ္တာလက်ဖက် ရည်ဆိုင်မှ နှစ်ဦးနှင့် လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ်နှစ်ဦးဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဖြစ်တာက မနေ့က ည ၈ နာရီလောက်။ ဆိုင်က စားပွဲထိုး ကလေးတွေရယ်။လဘက်ရည်ဆိုင်ကိုလာတဲ့ နှစ်ဦးကို ဖမ်းသွားတာ”ဟု ၄၀ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြောက်ဒဂုံမြို့နယ်အတွင်း ပတ်ကင်းလှည့်နေစဥ် လမ်းမပေါ်ဖယောင် တိုင်မီးထွန်းထားသူကို ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

အကြမ်းဖက် စစ်ကောင်စီဖက်ဆစ် စစ်တပ်ချေမှုန်းရေး တော်လှန် သီတင်းကျွတ်ကမ်ပိန်းကို ယမန်နေ့က တစ်နိုင်ငံလုံးအနှံ့ ပါဝင်ခဲ့သည်။

နိုင်ငံတကာဖိအားကြောင့် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ အကြောင်းမဲ့ဖမ်းဆီးထားသူများကို ယခုရက်ပိုင်းအတွင်း လွှတ်ပေးခဲ့သော်လည်း ချက်ချင်းပြန်လည်ဖမ်းဆီးခံရသူအချို့လည်းရှိ​နေသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကားဖြင့်တိုက်၍ ဖမ်းဆီးခြင်း အပါအဝင် ပုံစုံမျိုးစုံဖြင့်ဖမ်းဆီးခြင်း ၊ညှင်းပန်းနှိပ်စက်ခြင်းသတ်ဖြတ်​ခြင်းတို့ကို စစ်ကောင်စီက ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။