Connect with us

Hi, what are you looking for?

News

ချင်းနဲ့ ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ NUG ထုတ်ပြန်

ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မြန်မာနိုင်ငံအခြေ အနေကို ရှင်းလင်းတင်ပြဖို့ရှိနေပြီး အဲဒီမတိုင်ခင်မှာ NUG က အထူးအစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

ချင်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ဖော်ပြထားတဲ့ အထူးအစီရင်ခံစာတစ်စောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက ဒီနေ့( အောက်တိုဘာ ၂၂ ရက်)မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မြန်မာနိုင်ငံအခြေ အနေကို ရှင်းလင်းတင်ပြဖို့ရှိနေပြီး အဲဒီမတိုင်ခင်မှာ NUG က အထူးအစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“စစ်တပ်အနေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေအပြင် တခြားနိုင်ငံတကာရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပြီး ဒီရာဇဝတ်မှုတွေအတွက် အပြည့်အ၀တာဝန်ရှိကြောင်း သူ့အနေနဲ့(Tom Andrews) ထပ်မံတင်ပြသွားပါလိမ့်မယ်” လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

NUG ရဲ့ အထူးအစီရင်ခံစာမှာ စစ်တပ်ဟာ တပ်ခေါင်း ဆောင်ပိုင်းရဲ့ညွှန်ကြားချက်နဲ့ စနစ်တကျ၊ ပုံစံတကျ ပြင်ဆင်ပြီး အရပ်သားပြည်သူ အမြောက်အများအပေါ် ထိခိုက်သက်ရောက်စေဖို့ ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထားတိုက်ခိုက်နေတာကို ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီးအစီရင်ခံစာမှာ ရာဇဝတ်မှုများရပ်တန့်ရေး၊ အကူအညီများ အပူတပြင်းလိုအပ်နေတဲ့ လူမှုအသိုင်း အဝိုင်းများသို့ လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်အမြန်ဆုံး ပို့နိုင်ရေး၊ စစ် ကောင်စီထံ စီးဝင်နေတဲ့ လက်နက်တွေနဲ့ ငွေကြေးတွေကို တားဆီးပိတ်ဆို့နိုင်ရေးနဲ့ တာဝန်ခံမှု၊ တရားမျှတမှုတို့ကို ဖော်ဆောင်နေတဲ့ NUG ရဲ့ကြိုးပမ်းချက်တွေကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက် ရေး တို့ကို နိုင်ငံတကာက လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။