Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းနဲ့ ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ NUG ထုတ်ပြန်

ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မြန်မာနိုင်ငံအခြေ အနေကို ရှင်းလင်းတင်ပြဖို့ရှိနေပြီး အဲဒီမတိုင်ခင်မှာ NUG က အထူးအစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

ချင်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ဖော်ပြထားတဲ့ အထူးအစီရင်ခံစာတစ်စောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက ဒီနေ့( အောက်တိုဘာ ၂၂ ရက်)မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မြန်မာနိုင်ငံအခြေ အနေကို ရှင်းလင်းတင်ပြဖို့ရှိနေပြီး အဲဒီမတိုင်ခင်မှာ NUG က အထူးအစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“စစ်တပ်အနေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေအပြင် တခြားနိုင်ငံတကာရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပြီး ဒီရာဇဝတ်မှုတွေအတွက် အပြည့်အ၀တာဝန်ရှိကြောင်း သူ့အနေနဲ့(Tom Andrews) ထပ်မံတင်ပြသွားပါလိမ့်မယ်” လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

NUG ရဲ့ အထူးအစီရင်ခံစာမှာ စစ်တပ်ဟာ တပ်ခေါင်း ဆောင်ပိုင်းရဲ့ညွှန်ကြားချက်နဲ့ စနစ်တကျ၊ ပုံစံတကျ ပြင်ဆင်ပြီး အရပ်သားပြည်သူ အမြောက်အများအပေါ် ထိခိုက်သက်ရောက်စေဖို့ ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထားတိုက်ခိုက်နေတာကို ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီးအစီရင်ခံစာမှာ ရာဇဝတ်မှုများရပ်တန့်ရေး၊ အကူအညီများ အပူတပြင်းလိုအပ်နေတဲ့ လူမှုအသိုင်း အဝိုင်းများသို့ လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်အမြန်ဆုံး ပို့နိုင်ရေး၊ စစ် ကောင်စီထံ စီးဝင်နေတဲ့ လက်နက်တွေနဲ့ ငွေကြေးတွေကို တားဆီးပိတ်ဆို့နိုင်ရေးနဲ့ တာဝန်ခံမှု၊ တရားမျှတမှုတို့ကို ဖော်ဆောင်နေတဲ့ NUG ရဲ့ကြိုးပမ်းချက်တွေကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက် ရေး တို့ကို နိုင်ငံတကာက လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။