Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်သည်ချင်းပြည်နယ်တွင် အင်တာနက်ဖျက်၍ အကြမ်းဖက်၊ သတ်ဖြတ်၊ ခိုးယူ​နေ​

သံချပ်ကာ ကား ၂ စီး အပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၈၀ ခန့်သည် မင်းတပ်-မတူပီကြား မိုင် ၇၀ (လေရှိရွာ) တွင် ရောက်ရှိနေသည်ဟု (အောက်တိုဘာ ၂၆ရက်)အခြေအနေကို အသိပေး ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်တွင်အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းဖြတ်တောက်၍ အကြမ်းဖက်သတ်ဖြတ်၊ ဖျက်ဆီးခိုးယူမှုများပြုလုပ်နေပြီး အရပ်သားနေအိမ်များမှ ပစ္စည်းများကို တစ်အိမ်ဝင် တစ်အိမ်ထွက် ခိုးယူနေ​ကြောင်းမင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်း အကြမ်းဖက်မှုများကို မြန်မာရော၊ ကမ္ဘာကပါ မသိစေရန် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရကြောင်းနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်၊ ဆန်များ၊ အသုံးဆောင်ပစ္စည်းများ၊ အိုးခွက်များ၊ စက်သုံးဆီများ၊ စားစရာများ၊ စောင်များကို ဖျက်ဆီး၊ခိုးယူနေကြသည်မှာ ရစရာမရှိတော့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချပ်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၂၆ရက်)
သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

သံချပ်ကာ ကား ၂ စီး အပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၈၀ ခန့်သည် မင်းတပ်-မတူပီကြား မိုင် ၇၀ (လေရှိရွာ) တွင် ရောက်ရှိနေသည်ဟု (အောက်တိုဘာ ၂၆ရက်)အခြေအနေကို အသိပေး ထားသည်။

ဒေသခံများလည်း တောတွင်းသို့ စစ်ဘေးရှောင်ရနေရပြီး မိုင် ၇၀ လေရှိရွာသည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၉၀၀၀ ကျော်မှ ရာသီဥတုဆိုးဝါးသော ဒေသဖြစ်သောကြောင့် စစ်ဘေးရှောင်များအတွက် အလွန်ခက်ခဲနေသည်ဟု သတင်းထုတ်ပြန် ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်မြို့နယ်များမှ ခိုးယူလာသော အရပ်သားများပိုင် ပစ္စည်းဥစ္စာများကို ကားများဖြင့်တင်ဆောင်ကာ ကလေးမြို့သို့ ဝင်ရောက်လာသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ