Connect with us

Hi, what are you looking for?

News

ချင်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေ ဆိုးရွားနေတယ်လို့ OCHA ထုတ်ပြန်

ချင်းပြည်နယ်က မြို့နယ်အတော်များများမှာ မေလကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲတွေကြောင့် အနည်းဆုံးလူပေါင်း ၁၈၃၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ OCHA က ဆိုပါတယ်။

(နေရပ်စွန့်ခွာနေကြသော ဖလန်းမြို့နယ်ဒေသခံများကို တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Herald)

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေ ပြင်းထန်လာနေပြီး လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေ ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ (နိုဝင်ဘာ ၃ ရက်) ထုတ်ပြန်ပါတယ်။

ယူနီဆက် (UNICEF) က ထန်တလန်မြို့ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ် ၂၀ ဦးရဲ့ လုံခြုံရေးကို စိုးရိမ်လျက်ရှိပြီး အဆိုပါကလေးငယ်များအပါအဝင် ပဋိပက္ခဒဏ်ခံစားရသူ ကလေးငယ်များအားလုံးရဲ့ လုံခြုံမှုရှိစေရန် ချက်ချင်းဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချင်းပြည်နယ်က မြို့နယ်အတော်များများမှာ မေလကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲတွေကြောင့် အနည်းဆုံးလူပေါင်း ၁၈၃၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ OCHA က ဆိုပါတယ်။

အဲဒီတိုက်ပွဲရှောင်သူတွေထဲက လူဦးရေ ၁၀၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထန်တလန်မြို့မှာ တိုက်ပွဲရှောင်နေတယ်လို့ OCHA ကထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ချင်းပြည်နယ်မှာ ရခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြားက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇,၆၀၀ ခန့်ဟာလည်း ပလက်ဝမြို့က ယာယီစခန်းတွေမှာ ၂၀၁၉ ဒီဇင်ဘာကတည်းက နေထိုင်နေရတယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။