Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာကို ဆွဲချပြီး ပေါ်တာဆွဲ

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၇၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

အောက်တိုဘာ ၆ ရက် မနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့၊ ဆွမ်းချပ်ရပ်၊ ကောင်းမှုတော်ဘုရားအနီးက ရထားသံလမ်းမှာ မြစ်ကြီးနားမြို့ကနေ ကုန်ပို့ပြီးဆင်းလာတဲ့ ကုန်တင်ကားတစ်စီးကို အာဏာသိမ်းစစ်တပ်က စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ကားပေါ်ပါ ယာဥ်နောက်လိုက် ကိုမင်းထိုက်ဆိုသူကို စစ်တ​ပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကားဆရာနဲ့ ကားပိုင်ရှင်အုံနာက ငြိမ်းချမ်းရေးကွန်ရက် ဆရာတော်ဆိုသူထံ အကူအညီသွားတောင်းကာ ပြောပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဂိတ်မှာတားလို့ဆိုပြီး တပည့်တော်တို့က ဆင်းလိုက်တာ။မှတ်ပုံတင်စစ်ပြီး တခါတည်း ခေါ်လိုက်တာ။ ဘာမှကိုပြောလို့ မရဘူး။ တပည့်တော်ပြောတာကို မင်းဘာမှမပြောနဲ့ ပြောရင် မင်းပါ ပါမှာနော်တဲ့”လို့ ကားဆရာက ပြောပါတယ်။

အဲဒီနောက် ယာဥ်နောက်လိုက်လူငယ်ကို ဖမ်းခေါ်ထားလိုက်ပြီးမှ ကားကို ခရီးဆက်ခွင့်ပြုခဲ့ကြောင်း ကားဆရာက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တပ်က မြို့နေရာအနှံ ပေါ်တာပတ်ဆွဲနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူတာတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“သံလမ်းကွေ့နားက နေ့တိုင်းဆွဲခေါ်နေတာ။ ပိုက်ဆံနဲ့ရွေးရပါတယ်။ တစ်ယောက်ကိုသိန်း၁၀၀၊ သိန်း၂၀၀ထိပေးရပါတယ်။ စစ်မှု့ထမ်းဖို့ခေါ်တာမဟုတ်ဘဲ ပြန်ပေးဆွဲငွေတောင်းတဲ့သဘောရောက်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတံတားဂိတ်နဲ့ မြို့နေရာအနှံ့ ပေါ်တာပတ်ဆွဲနေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာ နည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာလမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook