Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးဖို့ ဗြိတိန်၊ ဂျာမနီ၊ အီးယူအပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ အ​မေရိကန်ဆွေးနွေး

မြန်မာစစ်ကောင်စီက အကြမ်းဖက်မှုကို ကျယ်ပြန့်စွာဆက်လက်အသုံးပြုနေမှုနဲ့ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို လွန်စွာစိုးရိမ်တယ်လို့ အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဗြိတိန်၊ ဂျာမနီ၊ အီးယူအပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ဟာ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီးယူ၊ နယူးဇီးလန်၊ ဗြိတိန်တို့က အရာရှိတွေနဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက အကြမ်းဖက်မှုကို ကျယ်ပြန့်စွာဆက်လက်အသုံးပြုနေမှုနဲ့ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို လွန်စွာစိုးရိမ်တယ်လို့ အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

စစ်ကောင်စီဟာ အာဆီယံရဲ့ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖို့ အရေးပေါ်လိုအပ်မှုနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာပြည်လာရောက်ခွင့်ပြုရေး၊ ပါဝင်ပတ်သက်သူအားလုံးနဲ့ဆွေးနွေးနိုင်ရေးတို့ကို အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံက အလေးထားတိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုတွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရေး၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ဖြေရှင်းရေးနဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ရေး အတွက် စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးဖို့ အရေးကြီးမှုကို Derek Chollet က အလေးထား ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။