Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးဖို့ ဗြိတိန်၊ ဂျာမနီ၊ အီးယူအပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ အ​မေရိကန်ဆွေးနွေး

မြန်မာစစ်ကောင်စီက အကြမ်းဖက်မှုကို ကျယ်ပြန့်စွာဆက်လက်အသုံးပြုနေမှုနဲ့ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို လွန်စွာစိုးရိမ်တယ်လို့ အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဗြိတိန်၊ ဂျာမနီ၊ အီးယူအပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ဟာ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီးယူ၊ နယူးဇီးလန်၊ ဗြိတိန်တို့က အရာရှိတွေနဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက အကြမ်းဖက်မှုကို ကျယ်ပြန့်စွာဆက်လက်အသုံးပြုနေမှုနဲ့ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို လွန်စွာစိုးရိမ်တယ်လို့ အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

စစ်ကောင်စီဟာ အာဆီယံရဲ့ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖို့ အရေးပေါ်လိုအပ်မှုနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာပြည်လာရောက်ခွင့်ပြုရေး၊ ပါဝင်ပတ်သက်သူအားလုံးနဲ့ဆွေးနွေးနိုင်ရေးတို့ကို အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံက အလေးထားတိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုတွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရေး၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ဖြေရှင်းရေးနဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်ရေး အတွက် စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးဖို့ အရေးကြီးမှုကို Derek Chollet က အလေးထား ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။