Connect with us

Hi, what are you looking for?

News

စင်ကာပူကုမ္ပဏီ Interra Resources ​ချောက်နှင့်ရေနံ​ချောင်းတွင် ​ရေနံပြန်တူး​နေ

စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီကချောက်နှင့် ရေနံချောင်းရှိရေနံလုပ်ကွက်များတွင် ရေနံတူးဖော်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေပြီး နိုဝင်ဘာ ၁၇ ရက်တွင်လည်း ရေနံတွင်းအသစ်တစ်ခု ကို စတင်တူးဖော်မည်ဟု ထုတ်ပြန်ကြေညာသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ထိုကုမ္ပဏီသည်ချောက်မြို့နယ်တွင် ရေနံတွင်း အနည်းဆုံး ၈တွင်းကို တူးဖော်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် အာဏာသိမ်းပြီးနောက် ၆ တွင်းကို လုပ်ငန်းအသစ် စခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၁ ရက်က နိုင်ငံတော်အာဏာကို စစ်တပ်ကအဓမ္မလုယူပြီးနောက် ထိုစင်ကာပူကုမ္ပဏီသည် လုပ်ငန်းများ ခေတ္တရပ်နားခဲ့​သေးသည်။ သို့သော်ဇူလိုင်၁၆ ရက်တွင် စစ်​ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် လုပ်ငန်းများပြန်လည်စတင်​နေခြင်းဖြစ်သည်။

အဆိုပါစင်ကာပူကုမ္ပဏီက ချောက်မြို့တွင် ရေနံတွင်းအမှတ် CHK-1229ကို တူးဖော်မည်ဖြစ်ပြီး ၂၀၂၂တွင် ရလာဒ်ထွက်ပေါ်လာအောင် ဆောင်ရွက်မည်ဟုဆိုထားသည်။ ၂၀၂၁အတွင်း စင်ကာပူကုမ္ပဏီက ဇန်နဝါရီ ၄ ရက်တွင် ရေနံတွင်းအမှတ် CHK-1221နှင့် ဇန်နဝါရီ ၂၅တွင် CHK-1225ကို တူးဖော်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကျန်နေရေနံတွင်း ၆တွင်းကို တူးဖော်ခဲ့ခြင်းဖြစ်သည်။

Interra Resources ကုမ္ပဏီကမြန်မာနိုင်ငံတွင် ၎င်းတို့ရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် GOLD petrolအမည်ဖြင့် မကွေးတိုင်း၊ချောက်မြို့နယ်ရှိ ကုန်တွင်းရေနံလုပ်ကွက် IOR-2 နှင့် ရေနံချောင်းရှိ MOGE-1လုပ်ကွက်တို့ကို ၁၉၉၆ခုနှစ်တွင်လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။အာဏာသိမ်းအကြမ်းဖက်စစ်​ကောင်စီ အတွက် ပြည်သူကိုသတ်​သောလက်နက်များဝယ်ယူနိုင်ရန် နိုင်ငံခြား​ငွေမရ​စေရန် မြန်မာနိုင်ငံတွင် ​ရေနံနှင့်သဘာဝဓါတ်​ငွေ့ တူး​ဖော်​နေ​သော တိုတယ်၊ ​ပေါ်စကို စ​သော ကုမ္ပဏီများကို စစ်​ကောင်စီသို့ ​ငွေများမ​ပေးဘဲ သိမ်းထားပြီးပြည်သူ့အစိုးရတက်လာမှ​ပြန်ပေးရန် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ပြည်သူများက ထိုကုမ္ပဏီများထံ လက်မှတ်​ရေးထိုးပြီးစာများ​ပေးပို့​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

နိုင်ငံတကာ

စင်ကာပူဆီ Hellfire ဒုံးကျည်တွေ ထပ်မံရောင်းချဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။