Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနားတရားရုံးလက်ခံ

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ စစ်တပ်ခေါင်း ဆောင်ပိုင်းကို အမှုဖွင့်အရေးယူဖို့ ကြိုးပမ်းနေရပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေဆဲ လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်)အတွက် မင်းအောင်လှိုင်နဲ့ စစ်တပ်အရာရှိကြီးတွေအပါအဝင် မြန်မာစစ်တပ်အား အမှုဖွင့်တာကို အာဂျင်တီးနားတရားရုံးက လက်ခံလိုက်ပြီလို့ ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK)က ဒီနေ့(နိုဝင်ဘာ ၂၈ ရက်)ထုတ်ဖော်ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို အာဂျင်တီးနားတရားရုံးမှာ ၂၀၁၉ နိုဝင်ဘာကတည်းက အမှုဖွင့်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင် ခွင့်အရ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်အပေါ် စွဲဆိုထားတဲ့အမှုကို မြို့တော် Buenos Aires ရှိ အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးက နိုဝင်ဘာ ၂၆ ရက်မှာ လက်ခံခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ဟာ ကျွန်တော်တို့ ရိုဟင်ဂျာတွေအတွက်သာမက နေရာအနှံ့အပြားက အဖိအနှိပ်ခံပြည်သူတွေအတွက် မျှော်လင့်ခြင်းနေ့ရက်ပါပဲ။ အာဂျင်တီးနား(တရားရုံး)က ဆုံးဖြတ်ချက်ဟာ ဂျီနိုဆိုက်ကျူးလွန်တဲ့သူတွေအတွက် ပုန်းကွယ်ဖို့ နေရာမရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဒီရွံရှာဖွယ်ရာဇဝတ်မှုတွေကို ဆန့်ကျင်ဖို့ ညီညွတ်ခိုင်မာရပါမယ်” လို့ BROUK ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

၂၀၁၇ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုကို မြန်မာနိုင်ငံက ရင်ဆိုင် နေရဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေကို စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနား တရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ စစ်တပ်ခေါင်း ဆောင်ပိုင်းကို အမှုဖွင့်အရေးယူဖို့ ကြိုးပမ်းနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

သြဂုတ် ၁၀ရက် ညနေ ၃နာရီခန့်က မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ (၄)တွင် လက်နက်ကိုင်လူတစ်စုက ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူအား သတ်ဖြတ်ကာ ဓားပြတိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ

လတ်ဘီရဲ့ အမှုအတွက် တရားရုံးက စီရင်ချက်ချဖို့ ပြင်ဆင်နေတဲ့တိုင် ဗြိတိန် ရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ နောက်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လီဗာပူးမြို့မှာ အလုပ်သင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းကရော အလားတူ ပြစ်မှုတွေ ကျူးလွန်တာမျိုး ရှိသလား ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။