Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းစစ်တပ်၏ ယန္တရားများ မလည်ပတ်နိုင်စေရန် တော်လှန်ရေးအရှိန်မြှင့်မည်ဟု BPDF ထုတ်ပြန်

တိုက်ခိုက်မှုများကို အောက်တိုဘာလတွင် နှစ်ကြိမ် နိုဝင်ဘာလတွင် ၁၁ ကြိမ် အသီးသီးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ ရဲ စစ်သားနှင့် အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်တပ်၏ ယန္တရားများမလည်ပတ်နိုင်စေရန် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းပြီး တော်လှန်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ယနေ့ (ဒီဇင်ဘာ ၂)ထုတ်ပြန်သည်။

BPDF နှင့် မဟာမိတ်အင်အားစုများသည် ပဲခူးမြို့နယ်တွင် စစ်ကောင်စီ၏​ထောက်တိုင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၈ မှ ဒီဇင်ဘာ ၂ရက် (ယနေ့)အထိ တစ်လကျော်အတွင်း ခုခံတွန်းလှန်မှု ၁၃ ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုများကို အောက်တိုဘာလတွင် နှစ်ကြိမ် နိုဝင်ဘာလတွင် ၁၁ ကြိမ် အသီးသီးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ ရဲ စစ်သားနှင့် အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုများအနက် မြို့နယ်ထွေအုပ်ရုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများနှင့် အင်တကော်ထောက်ပို့တပ် လုံခြုံရေးဂိတ် စသည့်နေရာများအပြင် အုပ်ချုပ်ရေးမှူး ပျူစောထီး ဒလန်စသည့် လူပုဂ္ဂိုလ်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုနောက်ဆုံးတိုက်ခိုက်ခဲ့ပြီးသော ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲကားနှစ်စီးမိုင်းစွဲတိုက်ခိုက်မှုတွင် ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။