Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်တပ်၏ ယန္တရားများ မလည်ပတ်နိုင်စေရန် တော်လှန်ရေးအရှိန်မြှင့်မည်ဟု BPDF ထုတ်ပြန်

တိုက်ခိုက်မှုများကို အောက်တိုဘာလတွင် နှစ်ကြိမ် နိုဝင်ဘာလတွင် ၁၁ ကြိမ် အသီးသီးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ ရဲ စစ်သားနှင့် အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်တပ်၏ ယန္တရားများမလည်ပတ်နိုင်စေရန် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းပြီး တော်လှန်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ယနေ့ (ဒီဇင်ဘာ ၂)ထုတ်ပြန်သည်။

BPDF နှင့် မဟာမိတ်အင်အားစုများသည် ပဲခူးမြို့နယ်တွင် စစ်ကောင်စီ၏​ထောက်တိုင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၈ မှ ဒီဇင်ဘာ ၂ရက် (ယနေ့)အထိ တစ်လကျော်အတွင်း ခုခံတွန်းလှန်မှု ၁၃ ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုများကို အောက်တိုဘာလတွင် နှစ်ကြိမ် နိုဝင်ဘာလတွင် ၁၁ ကြိမ် အသီးသီးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ ရဲ စစ်သားနှင့် အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုများအနက် မြို့နယ်ထွေအုပ်ရုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများနှင့် အင်တကော်ထောက်ပို့တပ် လုံခြုံရေးဂိတ် စသည့်နေရာများအပြင် အုပ်ချုပ်ရေးမှူး ပျူစောထီး ဒလန်စသည့် လူပုဂ္ဂိုလ်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုနောက်ဆုံးတိုက်ခိုက်ခဲ့ပြီးသော ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲကားနှစ်စီးမိုင်းစွဲတိုက်ခိုက်မှုတွင် ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ကားနှစ်စီးထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။