Connect with us

Hi, what are you looking for?

News

မြန်မာတွင် စစ်ရှောင် ၆ သိန်းခွဲကျော်ရှိလာပြီး ထက်ဝက်ခန့်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တိမ်းရှောင်ရသူများဖြစ်

လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ၏ အကျိုးဆက်ဖြစ်သည့် လုံခြုံရေးမတည်ငြိမ်မှုဒဏ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းက အရပ်သားများ ခံစားနေရကြောင်း၊ အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်သူများထံ သွားရောက်ခွင့်ရ‌ရေးသည် အလွန်အရေးကြီးကြောင်း UNOCHAက ဆိုသည်။

(ချင်းပြည်နယ် မင်းတပ်မြို့နယ် ဧစခန်းရွာရှိ စစ်​ဘေး​ရှောင်စခန်းကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေး-သတင်းအဖွဲ့)

မြန်မာနိုင်ငံတွင် တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေများကြောင့် နိုင်ငံတွင်း တိုက်ပွဲရှောင်ထွက်ပြေးနေရသူ ၆၅၄,၇၀၀ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့ထုတ်ပြန်သည်။

UNOCHAက ထုတ်ပြန်သည့် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာ တွင် စစ်တပ်အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် အခြေအနေများကို ထည့်သွင်းဖော်ပြထားသည်။

ဒီဇင်ဘာ ၆ ရက် ကိန်းဂဏန်းများအရ ဖေဖေါ်ဝါရီ ၁ရက်ကတည်းက ဖြစ်ပွားသည့် တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေများကြေငာ့် နိုင်ငံတွင်း၌ တိုက်ပွဲရှောင်ထွက်ပြေးနေရသူ ၂၈၄,၇၀၀ ခန့်ရှိသွားပြီဖြစ်ကြောင်း၊ ထို့ပြင် လူဦးရေ ၃၇၀,၀၀၀ခန့်သည် ယာယီစခန်းများ၌ ယခင်ကတည်းက နေထိုင်ကြရလျက်ရှိကြောင်း UNOCHAက ဆိုသည်။

Public Service Announcement

ပြည်နယ်နှင့် တိုင်းဒေသကြီးအတော်များများ၌ တပ်မတော်(စစ်ကောင်စီတပ်)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (သို့မဟုတ်) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေမှာစိုးရိမ်ဖွယ်အနေအထားရှိနေသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ အရပ်သားအိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ တိုးပွားလာပြီး ချင်းပြည်နယ် ထန်တလန်မြို့က အိမ်အတော်များများ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ကယား၊ ကရင်၊ ရှမ်း/တောင်၊ မွန်နဲ့ တနင်္သာရီတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ နိုင်ငံတွင်းနေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် များပြားလာပါတယ်”ဟု ဖော်ပြထားသည်။

လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ၏ အကျိုးဆက်ဖြစ်သည့် လုံခြုံရေးမတည်ငြိမ်မှုဒဏ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းက အရပ်သားများ ခံစားနေရကြောင်း၊ အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်သူများထံ သွားရောက်ခွင့်ရ‌ရေးသည် အလွန်အရေးကြီးကြောင်း UNOCHAက ဆိုသည်။

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ပဋိပက္ခဖြစ်ပွား ရာနေရာများက အစားအစာအကူအညီလိုအပ်သည့် မြို့နယ်များ များလာသည့်အပေါ် စိုးရိမ်မကင်း ဖြစ်နေကြောင်း၊ ယင်းအဖွဲ့များသည် အရေးပေါ်အကူအညီများ အပူတပြင်းလိုအပ်နေသည့် ချင်းပြည် နယ်၊ မင်းတပ်မြို့မှ ကျေးရွာများဆီသို့ သွားရောက်နိုင်ရေး ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၈ ရက် ကိန်းဂဏန်းများအရ လူသားချင်းစာနာမှုတုံ့ပြန်ရေးဆိုင်ရာ အစီအစဉ်နှင့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်များအရ တောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၇ သန်းထဲမှ ၅၇ ရာခိုင်နှုန်းဖြစ်သည့် ၂၂၃ ဒသမ ၇သန်းကို ရရှိခဲ့ပြီဖြစ်ကြောင်းလည်း အသိပေးထားသည်။

(ချင်းပြည်နယ် မင်းတပ်မြို့နယ် ဧစခန်းရွာရှိ စစ်​ဘေး​ရှောင်စခန်းကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေး-သတင်းအဖွဲ့)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...