Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုနောက်ပိုင်းသေဆုံးသူ တစ်သိန်းကျော်လာပြီး အများစုကပြည်သူ​တွေလို့ UN အရာရှိတွေပြော

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

(UNရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ /IIMMအကြီးအကဲနစ်ကိုလက်စ်ကူးမ်ဂျီယန် / မြန်မာ့လူ့အခွင့်အ​ရေးအ​ခြေအ​နေအစီရင်ခံစာ တင်သွင်းသူ ကယ်လီကာရီ ။ ဓါတ်ပုံ-UN web TV screengrab)

■ မြန်မာပြသာနာ လုံးဝဖြေရှင်းလို့မရတော့မယ့်အဆင့်မရောက်ခင်ကိုင်တွယ်ဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

■မြန်မာနိုင်ငံမှာ ပြသာနာအားလုံးရဲ့ အဓိကအရင်းအမြစ်ကမင်း​အောင်လှိုင်နဲ့စစ်အုပ်စုလို့မြန်မာ့လူအခွင့်အ​ခြေအ​နေအထူးအစီရင်ခံစာတင်သွင်းသူ​ပြော

​အောက်တိုဘာ-၂၆၊၂၀၂၆။People’s Spring

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ်မှာကျင်းပနေတဲ့ အစည်းအဝေးတွေမှာ UNရဲ့ မြန်မာနိုင်ငံဆိုင်ရာ အရာရှိတွေ၊ ကျွမ်းကျင်သူတွေ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေပိုမိုအရှိန်မြှင့်လာနိုင်ကြောင်းလည်းသတိပေးခဲ့ပါတယ်။

မြန်မာ့ အကျပ်အတည်းဟာUNအတွက် စမ်းသပ်မှုကြီးတစ်ခု ဖြစ်လာနေတယ်လို့ UNရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ပြောပါတယ်။ အဲဒီ အကျပ်အတည်းကို လုံးဝ ဖြေရှင်းလို့ မရတော့မယ့် အဆင့် မရောက်ခင် UNက ကိုင်တွယ် ဖြေရှင်းနိုင်မှာလားလို့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအကြောင်း UNဆီ အထူးအစီရင်ခံစာ တင်သွင်းသူ ကယ်လီ အန်းအက်ကဲလ်စ် ကာရီကတော့အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်လာတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် သေဆုံးသူ ၁ သိန်းကျော်လွန်လာပြီလို့ ပြောကြားခဲ့ပါတယ်။သေဆုံးသူ အများစုဟာလည်း အပြစ်မဲ့ အရပ်သား ပြည်သူတွေ ဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နစ်ကိုလက်စ် ကူးမ်ဂျီယန်ကလည်း မြန်မာ ပြည်သူတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုမို သက်ရောက် ခံစားလာနေရကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတင်စစ်တပ်ဟာ စစ်တိုင်းတိုင်းကဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ချင်းပြည်နယ်က ခရစ်ယာန် ဘုရားကျောင်းကို ဗုံးကြဲခဲ့ကြောင်းသူက​ပြောပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်က စျေးတစ်ခုကို စစ်တပ်က ဗုံးကြဲလို့ လူ ၅၀ ထက်မနည်း သေဆုံးခဲ့တဲ့ ကိစ္စကိုလည်း ကူးမ်ဂျီယန်က ထောက်ပြသွားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ကြောရေး စခန်းတွေမှာပြည်သူတွေအပေါ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်နေတဲ့ အရာရှိတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း IIMMက အားထုတ်နေတယ်လို့ ​ပြောပါတယ်။

ကယ်လီကာရီကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရာထူးကို ရယူခဲ့တဲ့ လုပ်ရပ်အပေါ်လည်း ဝေဖန်သွားခဲ့ပါတယ်။

“ဘယ်သူမှ အရူးလုပ်မခံသင့်ပါဘူး။ သူဟာ ဝတ်စုံပဲ ပြောင်းထားတာဖြစ်ပြီး​တော့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တစ်ယောက်အဖြစ်တော့ မပြောင်းလဲသေးပါဘူး။ အရင်လိုပဲ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်” လို့ သူမက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး​တော့လည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအကြောင်း ကုလသမဂ္ဂဆီအထူးအစီရင်ခံစာတင်သွင်းသူက “မြန်မာနိုင်ငံမှာ ပြည်သူတွေသေဆုံးနေရတာ ၊ဒုက္ခ​တွေခံစားနေရတာ၊ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာ၊ ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ပိုမိုဆိုးရွားလာတာ၊ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခံနေတာတွေအတွက် မင်းအောင်လှိုင် နဲ့ သူရဲ့စစ်အုပ်စုဟာအဓိကအကျဆုံး တာဝန်အရှိဆုံးဖြစ်ပါတယ်”လို့လည်းပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။

ကိုးကား- UN

ဆက်စပ်သတင်းများ

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ ကိုင်ပြောခဲ့တဲ့ ပဝါပေါ် ရေးထားတဲ့ အမည်တွေကတစ်ဆင့် ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ပေးကြဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာစိတ် ရှိကြဖို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွပ်ဆဲင်က ဒီကနေ့မှာ ပြောကြားပါတယ်။

အတွေးအမြင်

ယောက်ျားရင့်မာကြီး တစ်ယောက် လူပုံအလယ်မှာ ဝမ်းနည်း မျက်ရည်ကျနေတာကို ကြည့်ရင်း ကျွန်တော်တို့လည်း သူနဲ့အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။

အတွေးအမြင်

လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့သည် ကုလသမဂ္ဂအဖွဲ့ကြီး တည်ထောင်ခဲ့သည့် (၈၁) နှစ်ပြည့်မြောက် မွေးနေ့ဖြစ်ပါသည်။