Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် ထိုင်းဘက်သို့ တိမ်းရှောင်သူ ၃,၀၀၀ ကျော်ရှိ

ယမန်နေ့က မဲဆောက်ရှိ စစ်ရှောင်စခန်းနှစ်ခု၌ လူဦးရေ ၂,၅၀၀ ခန့် ရောက်ရှိခိုလှုံနေရာ ယနေ့ လေးကေ့ကော်ဒေသ တိုက်ပွဲပြင်းထန်၍ နယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်သို့ တိမ်းရှောင်သူများ ပိုများလာဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့နှင့်အနီးတ၀ိုက်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်ကြရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သူ ၃,၀၀၀ ကျော်ရှိလာပြီကြောင်း မဲဆောက်အခြေစိုက်နေထိုင်သည့် ကရင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ယမန်နေ့က မဲဆောက်ရှိ စစ်ရှောင်စခန်းနှစ်ခု၌ လူဦးရေ ၂,၅၀၀ ခန့် ရောက်ရှိခိုလှုံနေရာ ယနေ့ လေးကေ့ကော်ဒေသ တိုက်ပွဲပြင်းထန်၍ နယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်သို့ တိမ်းရှောင်သူများ ပိုများလာဟု ၎င်းက ဆိုသည်။

ဓါတ်ပုံ – Kaung Kant/FB

ထို့ပြင် ပြည်တွင်းသို့ တိမ်းရှောင်နေရသည့် လေးကေ့ကော်ဒေသခံ ထောင်ချီ၍ ရှိနေပြီး နေထိုင်ရေးနှင့် စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ ပျံဝဲနေခြင်းတို့ကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည်ဟု တိမ်းရှောင်နေသည့် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ဓါတ်ပုံ – Kaung Kant/FB

ယနေ့ (ဒီဇင်ဘာ ၁၉ရက်) မွန်းလွဲပိုင်းတွင် မြန်ဘက်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် မဲဆောက်ဘက် ခြမ်းရှိ ထိုင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲ၍ ထိုင်းရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း၊ လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းသို့ ဂယက်ရိုက်ခတ်မှု မဖြစ်စေရန် ထိုင်းစစ်တပ်က နယ်စပ်တွင် အင်အားဖြည့် တပ်လှန်ထားကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထိုင်းသို့ ရောက်ရှိနေသည့် စစ်ရှောင် သုံးထောင်ကျော်အနက် ၁၃၂ဦးသည် နယ်ခြားမြစ်ကို ဖြတ်ပြီး မြ၀တီဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း ကရင်ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။