Connect with us

Hi, what are you looking for?

News

ဒဂုံဆိပ်ကမ်း (၉၄)ရပ်ကွက် ရာအိမ်မှူး​နေအိမ် ​ဖောက်ခွဲတိုက်ခိုက်၊ ရဲအချို့ထိခိုက်နိုင်ဟု YRG ထုတ်ပြန်

လုပ်ဆောင်သမျှ Mission တိုင်းကို ဖော်ပြမည်မဟုတ်ဘဲ ပြည်သူများ သိရှိရန်လိုအပ်သလောက်သာ ထုတ်ပြန်မည်ဟုလည်း Yangon Revolution Groupက အသိပေးသည်။

People's Spring
People's Spring

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် (၉၄) ရပ်ကွက်ရှိ ရာအိမ်မှုးဖြစ်သူနေအိမ်၌ စ်​ကောင်စီ၏လက်ပါး​စေ ရဲလေးဦးရောက်ရှိစဥ် ပစ်ခတ်ခြင်းနှင့် ဗုံးဖောက်ခွဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်းYangon Revolution Group က ယနေ့ထုတ်ပြန်သည်။

“ည ၁၁ နာရီ ကျော်လောက်မှာ ပေါက်တာ။တော် တော် လည်း ကျယ်တယ်။ပြီးတော့ အဲဒီနေရာက ဒလန် အရမ်းပေါတယ်။ ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူတွေရှိတယ်လို့တော့ ကြားတယ်”ဟု ယုဇနဥယျာဥ်မြို့တော်တွင် နေထိုင်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လုပ်ဆောင်သမျှ Mission တိုင်းကို ဖော်ပြမည်မဟုတ်ဘဲ ပြည်သူများ သိရှိရန်လိုအပ်သလောက်သာ ထုတ်ပြန်မည်ဟုလည်း Yangon Revolution Groupက အသိပေးသည်။

ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံနေရာများအား ဗုံးခွဲခြင်းနှင့် တိုက်ခိုက်ခြင်းများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...