Connect with us

Hi, what are you looking for?

ဆောင်းပါး

ရဲလည်း ဆွဲမှာပဲ

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ “ငါတို့နဲ့ လိုက်ခဲ့”လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ မာရေကျောရေပြောဖူးတာ သူ့ကိုလာပြောတော့ ဘယ်ခံနိုင်မလဲ။

(စစ်ကောင်စီ၏မွန်ပြည်နယ်လွှတ်တော်ရုံးတွင်လုံခြုံရေးစောင့်နေသောရဲတပ်သားအချို့အား ပြီးခဲ့သည့် ဧပြီလအတွင်းကတွေ့ရစဥ်။ ။ဓါတ်ပုံ-Screen Grab)

ရွှေမြိုင်/People’s Spring

မော်လမြိုင်မြို့၊ မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်သားလေး ဇော်ဝင်းထွန်းတစ်ယောက် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်က သူ့တာဝန်ချိန်ပြီးပြီမို့ နဂါးမောက်စေတီကို ဘုရားဖူးဖို့ ရောက်လာခဲ့တယ်။ နဂါးမောက်စေတီက ဘုရားဖူးဧည့်သည်တွေ မပြတ် စည်ကားတဲ့ ဘုရားပါ။ ပြီးတော့ စတုဒီသာလည်း မကြာမကြာကျွေးတော့ လူကိုမပြတ်တာ။ သူသွားတဲ့အချိန်ကလည်း ညနေ လေးနာရီမို့ လင်းလင်းချင်းချင်းပဲ ရှိသေးတယ်။

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ “ငါတို့နဲ့ လိုက်ခဲ့”လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ မာရေကျောရေပြောဖူးတာ သူ့ကိုလာပြောတော့ ဘယ်ခံနိုင်မလဲ။

အနောက်ဘက်ဆီမှ စေတီကနဂါးလိုအမောက်ထောင်လာပြီး “ဟေ့ ငါကရဲကွ”လို့ ပြန်ပြောတယ်။ အဲဒီမှာ ယောကျာ်း ၃ ယောက်ထဲက တစ်ယောက်က “ဘာရဲလဲ ငါလည်း ဗိုလ်မှူးပဲ”ဆိုပြီး ရဲတပ်သားကို နားရင်း နှစ်ချက်ရိုက်သတဲ့။ အဲဒီနောက် အတင်းအဓမ္မ ဆွဲခေါ်တာနဲ့ ရဲတပ်သားလည်း ယက်ကန်ယက်ကန်နဲ့ ပါသွားတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးလို့သူကိုယ်သူ​ပြောသူက ဆိုင်ကယ်‌မောင်းပြီး ရဲတပ်သားကို အလယ်ကထားတယ်။ နောက်တစ်ဦးကနောက်မှာထိုင်ပြီး ရဲတပ်သားကို ညှပ်ထားတယ်။ကျန်တဲ့တစ်ယောက်ကတော့ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာတယ်။ အဲဒီနောက် ရဲတပ်သားလေးကို မော်လမြိုင်ကနေ မိုင် ၅၀ ကျော် ဝေးတဲ့ကျိုက္ခမီကို ခေါ်ဆောင်သွားပါတော့တယ်။

ည ၈ နာရီလောက်မှာ ကျိုက္ခမီကို ရောက်တယ်။ရေလုပ်သားပွဲစား မတင်ဇာလွင်ဆိုတဲ့သူရဲ့အိမ်ကိုရဲတပ်သားကိုခေါ်လာတယ်။ ပွဲစားအိမ်ရောက်တော့ ခေါ်လာတဲ့သူတွေ ပြောခိုင်းတဲ့အတိုင်းငွေ ၁၂ သိန်းကျပ် ကြိုတောင်းသတဲ့။ ပွဲစားမကလည်း မူမမှန်ဘူးဆို​ပြီး ကျိုက္ခမီရဲစခန်းသို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက္ခမီက ရဲတွေလည်း ပွဲစားအိမ်လိုက်စစ်တော့ ရဲတပ်သားကို ခေါ်လာတဲ့ ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးတင်သန်းဟာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မော်လမြိုင်)က ဖြစ်နေတယ်။ သူ့တာဝန်က တပ်သား သစ်စုဆောင်းရေးတာဝန်(အကူ)တဲ့။ စိစစ်ရေးကတ်ပြားနဲ့ပါမိတာ။ ဗိုလ်မှူးတော့ မဟုတ်ဘူးပေါ့။ နောက်နှစ်ဦးကတော့ အသက် ၄၆ နှစ်အရွယ် ဦးတင်မင်းထွဋ်နဲ့ အသက် ၃၈ နှစ်အရွယ် ကိုဖြိုးကိုကိုတို့ဖြစ်တယ်လို့ သိရတယ်။

သူတို့စီးလာတဲ့ HONDA Click 125 ဆိုင်ကယ်တစ်စီး၊ HONDA Wave 110 ဆိုင်ကယ်တစ်စီးကိုပါ သိမ်းဆည်းရမိတယ်။လက်ရှိမှာ ၎င်းတို့ သုံးဦးကို အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)နဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာ လူရောင်းစားသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီးငယ်လေးတွေနဲ့ မြှူဆွယ် ခေါ်ယူတာ၊ အရက်ဘီယာတိုက်ပြီး ဆွယ်ယူခေါ်ယူတာတွေ အမျိုးမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥပဒေစိုးမိုးရေးကို တာဝန်ယူရမယ့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတောင် ခုလို ဖမ်းဆီးခံရပြီးရောင်းစားခံရတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေက အတော်ကို စိုးရိမ်စရာ ဖြစ်လာပါတယ်။

အဲဒီဖြစ်စဉ်မှာ ကာယကံရှင်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေလို့သာ ရဲတပ်ဖွဲ့က အမြန်ဆုံးစုံစမ်းပေးလို့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး၊ သာမန်အရပ်သားပြည်သူတစ်ဦးသာဆိုပါက လွတ်မြောက်ဖို့ လမ်းစရှိတော့မှာမဟုတ်ဘူးလို့ ပြည်သူတွေက ဝေဖန်ပါတယ်။

“ရဲတောင်ပါတယ်ဆို သာမန်အရပ်သားဆိုပြောမနေနဲ့တော့။ ဘာသတင်းမှတောင်ကြားရမှာမဟုတ်ဘူး”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။