Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗကသ ဒုတိယဥက္ကဋ္ဌ ထောင်ချခံရပြီး ထောင်တွင်းမှာနှိပ်စက်ခံနေရ ပုံစံခန်းထဲခေါ်ထည့်ပြီး ရာဇဝတ်အကျဉ်းတွေကို ဝိုင်းဝန်းထိုးကြိတ်ခိုင်း

အင်းစိန်ထောင်အာဏာပိုင်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရင်း ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသာေးတွကိုထောင်တွင်းမှာဖိနှိပ်အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာတွေရှိပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမိုးကို မနေ့က ထောင်ချပြီးနောက် ထောင်တွင်းအကြမ်းဖက်နှိပ်စက်ခံနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဗကသ က သတင်းထုတ်ပြန်ပါတယ်။

ကိုဝေယံဖြိုးမိုးကို မနေ့က ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၂ နှစ်နဲ့၁ လချမှတ်ပြီးနောက် ပုံစံခန်းကို ခေါ်ဆောင်ပြီး သပြေဆောင်မှူးက ဖိနပ်နဲ့ပါးရိုက်ခဲ့သလို အကျဉ်းသား ၅ ယောက်က နှစ်ကြိမ်တိုင်တိုင် ထိုးကြိတ်ရိုက်နှက် နှိပ်စပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအကြမ်းဖက်နှိပ်စက်တာကြောင့် ကိုဝေယံဖြိုးမိုးရဲ့ လည်ပင်းမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး နံရိုးတွေလည်းကျိုးသွားတယ်လို့ ဗကသက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို နှိပ်စက်ပေမယ့် အင်းစိန်ထောင် အာဏာပိုင်တွေဟာ အခုချိန်ထိ ဆေးကုသခွင့်မပေးသေးဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အင်းစိန်ထောင်အာဏာပိုင်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရင်း ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသာေးတွကိုထောင်တွင်းမှာဖိနှိပ်အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ အသံတိတ်သပိတ်မှာဆို ထောင်တွင်းဆန္ဒပြပွဲမှာပါဝင်သူတွေကို ရိုက်နှက်တိုက်ပိတ်တာတွေရှိသလို တချို့နိုင်ငံရေးအကျဉ်းသားတွေကို အဆောင်ပြောင်းခဲ့ပါတယ်။

ပြောင်းရွှေ့ရာအဆောင်ရောက်တဲ့အခါ ရာဇဝတ်အကျဉ်းသားတွေကို ရိုက်နှိက်ခိုင်းတာမျိုး လုပ်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။