Connect with us

Hi, what are you looking for?

News

ဗကသ ဒုတိယဥက္ကဋ္ဌ ထောင်ချခံရပြီး ထောင်တွင်းမှာနှိပ်စက်ခံနေရ ပုံစံခန်းထဲခေါ်ထည့်ပြီး ရာဇဝတ်အကျဉ်းတွေကို ဝိုင်းဝန်းထိုးကြိတ်ခိုင်း

အင်းစိန်ထောင်အာဏာပိုင်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရင်း ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသာေးတွကိုထောင်တွင်းမှာဖိနှိပ်အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာတွေရှိပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမိုးကို မနေ့က ထောင်ချပြီးနောက် ထောင်တွင်းအကြမ်းဖက်နှိပ်စက်ခံနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဗကသ က သတင်းထုတ်ပြန်ပါတယ်။

ကိုဝေယံဖြိုးမိုးကို မနေ့က ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၂ နှစ်နဲ့၁ လချမှတ်ပြီးနောက် ပုံစံခန်းကို ခေါ်ဆောင်ပြီး သပြေဆောင်မှူးက ဖိနပ်နဲ့ပါးရိုက်ခဲ့သလို အကျဉ်းသား ၅ ယောက်က နှစ်ကြိမ်တိုင်တိုင် ထိုးကြိတ်ရိုက်နှက် နှိပ်စပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအကြမ်းဖက်နှိပ်စက်တာကြောင့် ကိုဝေယံဖြိုးမိုးရဲ့ လည်ပင်းမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး နံရိုးတွေလည်းကျိုးသွားတယ်လို့ ဗကသက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို နှိပ်စက်ပေမယ့် အင်းစိန်ထောင် အာဏာပိုင်တွေဟာ အခုချိန်ထိ ဆေးကုသခွင့်မပေးသေးဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အင်းစိန်ထောင်အာဏာပိုင်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရင်း ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသာေးတွကိုထောင်တွင်းမှာဖိနှိပ်အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ အသံတိတ်သပိတ်မှာဆို ထောင်တွင်းဆန္ဒပြပွဲမှာပါဝင်သူတွေကို ရိုက်နှက်တိုက်ပိတ်တာတွေရှိသလို တချို့နိုင်ငံရေးအကျဉ်းသားတွေကို အဆောင်ပြောင်းခဲ့ပါတယ်။

ပြောင်းရွှေ့ရာအဆောင်ရောက်တဲ့အခါ ရာဇဝတ်အကျဉ်းသားတွေကို ရိုက်နှိက်ခိုင်းတာမျိုး လုပ်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။