Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ဝန်ကြီးချုပ် ဦးညီပုရဲ့သမီး မမိုးဆန်းစုကြည်ကိုစစ်တပ်ကထောင်ငါးနှစ်ထပ်ချ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

(မမိုးဆန်းစုကြည်။ ဓါတ်ပုံ-File)

ဇူလိုင်-၇၊၂၀၂၆ ။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းကလွတ်ရက်စေ့ပြီး သာယာ၀တီအကျဉ်းထောင်ကနေ လွတ်လာခဲ့ပြီဖြစ်တဲ့ မမိုးဆန်းစုကြည် ကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ထောင်ဘူး၀ အ​ရောက်မှာထပ်မံဖမ်းဆီးကာ ပုဒ်မ ၅၂(က)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အ ခုအခါ အဲဒီပုဒ်မနဲ့ အမိန့်ချမှတ်လိုက်တာပါ။

“သာယာ၀တီထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းထားပြီးတော့ မနေ့ကကမာရွတ်တရားရုံးကနေ အမိန့်ချ လိုက်တာ။ မနှစ်ကတရားစွဲထားတဲ့ပုဒ်မနဲ့ပဲ အမိန့်ချတာလို့သိရတယ်။ ” လို့ အမည်မဖော်လိုသူ မိသားစုဝင်တဦးက ပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီးလပိုင်းအကြာမှာကတည်းကဖမ်းဆီးခံထားရတဲ့သူ့ကို NUG၊CRPH တို့နဲ့ ဆက်စပ်တယ်လို့ စစ်တပ်ကစွပ်စွဲ အမိန့်ချတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မမိုးဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင်ထဲမှာထားပြီး မိသားစုနဲ့လည်း ပုံမှန်ထောင်ဝင်စာတွေ့ခွင့်မပေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မမိုးဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခု မေလ ၉ ရက်နေ့ကတည်းက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်အတွင်း ဖမ်း ဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၂၇(၁) တို့နဲ့ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံထားခဲ့ရတာပါ။

မမိုးဆန်းစုကြည်ဟာ အစပိုင်းမှာ အင်းစိန်အကျဉ်းထောင်ထဲ နေခဲ့ရပြီး ၂၀၂၃ ခု ဇွန်လဆန်းမှာတော့ သာယာ၀တီ အကျဉ်းထောင်သို့ ရွေ့ပြောင်းခံခဲ့ရကာ ထပ်တိုးတရားစွဲခံရချိန် အင်းစိန်ထောင်သို့ ထပ်မံရွှေ့ပြောင်းခံရတာဖြစ်ပါ တယ်။

“အခုအင်းစိန်ထောင်ရောက်နေပြီ။ ဒီဘက်မှာ ထပ်ပြီးတရားစွဲဖို့အတွက် ပြောင်းလာတာလို့ သိရတယ်။ ဒီအာဏာ ရှင်ကောင်တွေကတော့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ပုဒ်မတစ်ခုပြီးတစ်ခုတပ်ပြီး တရားစွဲမှာပါပဲ။ ဒီငါးနှစ်စေ့ ရင်လည်း နောက်ထပ်အပြစ်ရှာမှာပဲ” လို့ ရခိုင်ဒေသခံနိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

မမိုးဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကိုလည်းစစ်တပ်က အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ ၊ ဆူပူ အောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး အင်းစိန်အကျဉ်းထောင်ထဲမှာ ရှိနေပါ တယ်။

မျက်လုံးတဖက်နေမကောင်းတဲ့ ဦးညီပုဟာ ပုံမှန်ဆေးကုသခွင့်၊ ထောင်ဝင်စာတွေ့ခွင့်တို့ မရဘူးလို့လည်း သမီးဖြစ် သူက ပြောထားပါတယ်။အာဏာသိမ်းစစ်တပ်ဟာအာဏာသိမ်းချိန်ကတည်းက ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေ၊ NLD ပါတီဝင်တွေ၊ ခေါင်းဆောင်တွေအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံထားရသူနိုင်ငံ​ရေးအကျဥ်းသား သုံးသောင်းတစ်​ထောင်ကျော် ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)ကထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။