Connect with us

Hi, what are you looking for?

News

လက်နက်၊ လူနှင့်ရန်ပုံငွေအင်အား ပိုမိုအားကောင်းလာမှုနှင့်အတူ ၂၀၂၂သည် တော်လှန်ရေး အောင်ပွဲများရယူမည့်နှစ်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ပြည်သူအားလုံး ပြိုင်တူတွန်းကြမည် ဆိုပါက ပြည်သူ များ ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဖြစ်ကြောင်း နှစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

▪️ပြိုင်တူတွန်းကြမည်ဆိုလျှင် ပြည်သူများထိခိုက်နစ်နာမှု အနည်းဆုံးနှင့်ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ဆို

ယခု ၂၀၂၂ သည်တော်လှန်ရေးအောင်ပွဲများ ရယူမည့်နှစ်ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးအင်အားစုများသည် လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အားပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောသည်။

ကာကွယ်ရေးဝန်ကြီး၏ နှစ်ကူးမိန့်ခွန်းတွင် “၂၀၂၁ခုနှစ်ဟာ တော်လှန်ရေးရေသောက်မြစ် ချတဲ့နှစ်လို့ ဆိုနိုင်ပြီး ၂၀၂၂ခုနှစ်ကတော့ တော်လှန်ရေးအောင်ပွဲများ ရယူမယ့်နှစ်လို့ ဆိုချင်ပါတယ်။ရှေ့မှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဟာ လူအင်အား၊ရန်ပုံငွေအင်အား၊လက်နက်အင်အား ပိုကောင်းလာဖို့ ရှိပါတယ်။ Command and Control ပိုကောင်းလာဖို့ ရှိပါတယ်။ မဟာဗျူဟာနဲ့ နည်းဗျူဟာချမှတ်ကျင့်သုံးမှု ပိုကောင်းလာဖို့ရှိပါတယ်”ဟု ထည့်သွင်းပြောကြားသည်။

NUGနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား မဟာမိတ်ဆက်ဆံရေး တည်ဆောက်မှု၊ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုများ ပိုကောင်းလာရန်ရှိကြောင်းနှင့် အဆိုပါဖြစ်ပေါ်တိုးတက်မှုများသည် တော်လှန်ရေးအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံရေးစစ်ရေး နိုင်ငံတကာအရေး အဖက်ဖက်တွင် အခြေယိုင်၊ အခြေပျက်လာပြီဆိုသည်မှာ ထင်ရှားပြီး စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဗျူဟာကို တော်လှန်စစ်ဖြင့် ဦးချိုးပစ်ရမည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလိုဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ရှေ့မှာကြုံရနိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ကာလတစ်ခုအထိ ကြံ့ကြံ့ခံပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပြည်သူ့တော်လှန်ရေးအင်အားစုများဟာ ပိုပြီးစုစည်းညီညွတ်ကြဖို့နဲ့ ဗျူဟာမြောက် ဟန်ချက်ညီအလုပ်လုပ်နိုင်ကြဖို့ လိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကတော့ ပြည်သူအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့ တော်လှန်ရေးပန်းတိုင် ရောက်သည်အထိ မဆုတ်မနစ် ဆက်လက် ချီတက်ကြပါစို့လို့ နှိုးဆော်လိုက်ပါတယ်”ဟု NUG ကာကွယ်ရေးဝန်ကြီးက ပြောသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ပြည်သူအားလုံး ပြိုင်တူတွန်းကြမည် ဆိုပါက ပြည်သူ များ ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဖြစ်ကြောင်း နှစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“ပြည်တွင်း၊ ပြည်ပရှိ ပြည်သူအားလုံးရဲ့အင်အားနဲ့သာ ကျွန်တော်တို့ရဲ့ အရေးတော်ပုံအမြန်ဆုံးအောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လာမယ့် နှစ်သစ်မှာ တော်လှန်ရေးအမြန်ဆုံးအောင်ပွဲခံနိုင်ပြီး စိတ်သစ်လူသစ်၊ ခွန်အားသစ်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကို အတူတကွ အုတ်မြစ်ချနိုင်၊ တည်ဆောက် နိုင်ဖို့အတွက် သန္နိဌာန်ပြုကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။